KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှု ၄ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မဲ့ပလီဗျူဟာစခန်းကို  FFD၊ KNLA၊ BPLA၊ PDF ရဲဘော်တွေက ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေကာ စစ်သုံ့ပန်းတွေ ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်း ကလေးငယ်တွေကို လေကြောင်းအန္တရာယ်ပညာပေး လက်တွေ့သရုပ်ပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် PDF ရဲဘော်တွေဟာ မြေပြင်က ကလေးငယ်တွေကို လေကြောင်းအန္တရာယ်ပညာပေးမှု လက်တွေ့သရုပ်ပြခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်ထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျူကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ပျူစောထီး ၂ ဦး သေပြီး ၆ ဦး ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အုန်းတောပျူရွာကင်းစခန်းကို ဝင်ရောက်စီး နင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ PDF ကာကင်းများအား PNO နှင့် စစ်ကော်မရှင် ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဟုဆို (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ကာကင်းယူထားတဲ့ ကာကင်းပွိုင့် ၂ ခုကို PNO နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ Battalion 808 - Nay Pyi Taw PDF မှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းမှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ PDF ကာကင်းပွိုင့် ၂ ခုကို PNO နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတွေ ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေသွားတယ်လို့ ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ဝယ်ယူထားတဲ့ ဒရုန်းတွေ စမ်းသပ်မှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက် ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူပြီး စမ်းသပ်မှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ ထံက သိရပါတယ်။