ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မိုင်းအန္တရာယ် ကင်းစင်ရေးလုပ်ငန်းတွေကို ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။

တောင်ကုတ်မြို့နယ်မှာ AA က မိုင်းအန္တရာယ် သတိပေး ဆိုင်းဘုတ် စိုက်ထူတာတွေ၊ မိုင်းအန္တရာယ် သတိပေးနှိုးဆော်တာတွေနဲ့ ပညာပေးဟောပြောတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အရင်က အကြမ်းဖက်စစ်ကောင်စီတပ် တပ်စခန်းချရာနေရာတွေ၊ ယာယီ တပ်စွဲရာနေရာတွေဖြစ်တဲ့ ကားလမ်း၊ လူနေရပ်ကွက်နဲ့ တောတောင်တွေမှာ AA က မိုင်းရှင်းလင်းရေးကို အဓိက ဦးစားပေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ် ထောင်ထားရာနေရာတွေနဲ့ ကန့်သတ်တားမြစ်ထားရာ နေရာတွေကို လုံးဝမလာဖို့ AA ဦးဆောင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားမြစ်ထားပြီး တားမြစ်နယ်မြေတွေကို ဝင်ထွက်သွားလာတာမရှိအောင်လည်း အထူးသတိထား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

AA သိမ်းပိုက်ထားနိုင်တဲ့ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ဂွ၊ အမ်း စတဲ့ မြို့နယ်တွေမှာ မြေမြှုပ်မိုင်း၊ စွန့်ပစ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ် ပပျောက်ကင်းစင်ဖို့ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေး ဟောပြောပွဲတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့နယ်အတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကပ်ထားတဲ့ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေး ဆိုင်းဘုတ်များ (ဓာတ်ပုံ Arakan Princess Media)

0 Shares:
You May Also Like
Read More

ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီမီးခုံမြို့နယ်မှ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆီမီးခုံသတင်းအဖွဲ့ တာဝန်ခံဆီက သိရပါတယ်။
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

ဖားကန့်မှာ ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှု ယမ်းဂိုဒေါင်ပေါက်ကွဲမှု သို့မဟုတ် စစ်ကောင်စီတပ် ဒရုန်းနှင့် ပစ်ခတ်သည့် ပုံစံ ဖြစ်နိုင်ဟု ဆို… ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံးမှ မိသားစုဝင် ၉ ဦးသေဆုံး၊ နေအိမ် ၁၀ လုံးပျက်စီး…

“ပထမတော့ ပေါက်ကွဲသံ သေးသေးလေး ကြားရတယ်။ ဒရုန်း နဲ့ ပစ်သလိုမျိုး ၊ လက်နက်ကြီးတစ်လုံးကျပြီးမှယမ်းဂိုဒေါင်ပေါက်ကွဲတဲ့ ပုံစံမျိုး၊ ဘယ်သူမှတော့ အတည်ပြုလို့မရဘူး ၊ ပေါက်ကွဲမှုကြောင့်အလင်းရောင်မြင်လိုက်ရတယ်ဆိုတော့ ဒရုန်း နဲ့ချတယ်လို့လည်းပြောကြတယ်။ တကယ်လို့ ဖားကန့်ဗျူဟာကုန်းကနေ ပစ်တယ်ဆိုလည်း ​ဗျူဟာကုန်းကနေ အသံကြားပြီးမှ ကျတဲ့အသံကြားမှာလေ၊ အဲသလိုလည်းမဟုတ်ဘူး”လို့ ဖားကန့်မြို့ခံတစ်ဦးက မောင်း ကိုပြောပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်အလိုကျ ပေါ်တာဆွဲမှုများ ထဲထဲဝင်ဝင် လုပ်နေသည့် ပြည်သူ့စစ် ၁ ဦးကို YGF ရှင်းလင်း 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပြည်သူစစ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရင်း (YGF) တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ချင်းတွင်းမြစ် ရေဘေးသင့် ပြည်သူများကို မင်းကင်းမြို့နယ် ပကဖ စားနပ်ရိက္ခာ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။