မန္တလေးတိုင်းအတွင်း တအာင်းတပ်မတော် TNLA နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့နယ်မှာ ဇန်နဝါရီ ၉ ရက် မနေ့ညသန်းခေါင်ကျော်၊ ဒီနေ့ မနက်အစောပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီမနက် ၁၂ နာရီကျော်လောက် လေယာဥ်နဲ့ ဗုံး အလုံး ၃၀ နီးပါး လာကြဲသွားတယ်။ အနောက်ပိုင်း ကျောက်လုပ်နေတဲ့နေရာဆို​တော့ အလုပ်သမားတွေပဲ နေကြတာ၊ ​ကြဲတဲ့​​နေရာက ဝင်းထရံလုပ်ကွက်လို့ ခေါ်ကြတယ်။မီးလောင်ပျက်စီးတာတွေလည်းရှိတယ်။”လို့ ဒေသခံတစ်ယောက်က ပြောကြောင်းတအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အရပ်သားအမျိုးသမီး ၅ ယောက် ပါဝင်ပြီး ဖြစ်စဥ် အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်ကလည်းမိုးကုတ်မြို့ ဂေါက်ကွင်းအနီးနဲ့ မစိုးရိမ် ကျောင်းတိုက်ကို စစ်ကောင်စီတပ် ဗုံးကြဲချလို့ နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

(ဓာတ်ပုံ Ta’ang Women’s Organization)

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စက်တင်ဘာလ ၂၈ ရက် ဒီနေ့ညနေပိုင်းမှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်အစိုးရ မြန်မာ့အရေးမှာ စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ကူညီနေမှုအပေါ် အမေရိကန်မှာ ဆန္ဒပြ

တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီပေးနေမှုအပေါ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၇ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ 
Read More

မြင်းမူမြို့၊ ရွှေဧကရာဇ်ရွှေဆိုင်မှ ဓားပြတိုက်လာသူ ၄ဦးကို ဧရာဝတီမြစ်ကြောင်းအတွင်း PDF များဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာတဲ့အဖွဲ့ကို တိုက်ရာပါပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧရာဝတီမြစ်ကြောင်းတစ်နေရာမှာ အသင့်စောင့်ကြို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရွှေနံ့သာရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူမည်ဟု KNU တပ်မဟာ ၆ သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးမှုတွေ လုံး၀ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ ၆ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။