မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲက တပ်သားသစ် (၃၁) ယောက်ကို ဇန်နဝါရီလထဲမှာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က (People’s Embrace) က အသိပေးထုတ်ပြန်ပါတယ်။ 

မတရား စုဆောင်းခြင်းခံရတဲ့ စစ်မှုထမ်းစစ်သားသစ်တွေဟာ ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်လာတာကြောင့် ခေါ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး သူတို့ဟာ လက်နက် ၁၅ လက်ပါ တစ်ပါတည်း ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေအနေနဲ့ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကတဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ ဖော်ပြဖို့ခက်တဲ့ စစ်မှုထမ်း တပ်သားသစ်တချို့လည်း ပြည်သူ့ရင်ခွင်အဖွဲ့ထံ လာရောက်ဆက်သွယ်ထားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အခုနှစ် ၂၀၂၅ ခုနှစ်အတွင်း မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူ အရေအတွက် အတော်များများဟာ ပြည်သူ့ရင်ခွင်ထံ လာရောက်ပူးပေါင်းနိုင်မှုတွေ ရှိနိုင်သေးကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း သင်တန်းဟာ အပတ်စဉ် ၉ အထိရောက်ရှိလာပြီဖြစ်ပြီး နိုင်ငံတဝန်းက လူငယ် ၄၅၀၀၀ လောက်ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြင်ဦးလွင်ခရိုင် PDF ၅၁၂ တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်များအတွက် ကျည်ကာဝတ်စုံများ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်စစ်ဌာန၊ အမှတ်(၅၁၂)တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်တွေကို ကျည်ကာဦးထုပ်နဲ့ ကျည်ကာဝတ်စုံများ ထပ်မံတပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဒီကနေ့ ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး စစ်တပ်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့ထဲက အကြမ်းဖက် ရဲစခန်း၊ ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

မြိုင်တွင် ဘုန်းကြီးကျောင်းနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းအဆက်မပြတ်သုံးခဲ့သည့် စစ်ကောင်စီတပ်များ ပခုက္ကူသို့ ပြန်ဆုတ်ခွာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးရင်း ပခုက္ကူတပ်မ ၁၀၁ ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါင်းတည်တွင် စစ်မှုထမ်းနှင့် ရွေးကောက်ပွဲအတုအတွက် အားတက်သရော ကူညီနေသည့် အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါင်တည်မြို့နယ်၊ ရေဆည်ကြီးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ဟာ စစ်မှုထမ်းကိစ္စတွေနဲ့ အတုအယောင် ရွေးကောက်ပွဲကိစ္စတွေမှာ အားတက်သရော ပါဝင်ကူညီနေတဲ့အတွက် အဆိုပါအုပ်ကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။