ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့အပြီး တစ်လကျော်အကြာမှာ ပြည်သူတွေကို ပြန်လည်နေထိုင်ဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားစဉ် တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူတွေအတွက် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ရှိနိုင်တာကြောင့် ကနဦးမှာ ဝင်ရောက်နေထိုင်ခွင့်မပြုခဲ့ပါဘူး။

ဝင်ရောက်နေထိုင်မယ့် မင်းတပ်မြို့ခံ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ထောက်ခံချက်နဲ့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမယ်လို့ သိရပါတယ်။ မင်းတပ်မြို့ တိုက်နယ်အုပ်ချုပ်ရေးမှူး ၊ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ရဲ့ ထောက်ခံချက်လိုအပ်မယ်လို့လည်း ဖော်ပြထားပါတယ်။

ချင်းညီနောင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်မြို့ကို  ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်မှာ အပြီး သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ချင်းညီနောင်ဟာ ဖလမ်းနဲ့ မင်းတပ် မြို့သိမ်း တိုက်ပွဲတွေကို ပြီးခဲ့တဲ့ ၂၀၂၄  နိုဝင်ဘာလ (၉)ရက်နေ့က စတင်ခဲ့ပြီး ဒီဇင်ဘာလ(၂၁)ရက်‌နေ့မှာ မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သလို ကန်ပက်လက်မြို့ကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ချင်းညီနောင် အပါအဝင် တော်လှန်ရေး အင်အားစုတွေဟာ ချင်းပြည်နယ်ရဲ့တောင်ပိုင်းတစ်ခုလုံးမှာ စစ်ကောင်စီ ကင်းစင်နယ်မြေတွေကို ဖန်တီးထားနိုင်ပြီး စစ်ကောင်စီအနေနဲ့ ပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့ကိုသာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သမ္မတရုပ်ရှင်ရုံအနီးက စစ်​ကောင်စီဂိတ်နဲ့ ရွှေပြည်သာ ၁၉ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ သမ္မတရုပ်ရှင်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီဂိတ်နဲ့ ရွှေပြည်သာမြို့နယ် ၁၉ရပ်ကွက်ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်မှု ကိုယ်စီလုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့တွေဆီက သိရပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လူထုကြား ပျောက်နေသည့် ဗိုလ်ချုပ်တာဘုန်းကျော် တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲတွင် ပြန်ထွက်ပေါ်လာ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA က မိုးကုတ်မြို့ကို အကြမ်းဖက်ကော်မရှင်ထံ ပြန်ပေးလိုက်ပြီးနောက် မြို့ထဲကို စစ်တပ် ဘယ်လိုပြန်ဝင်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေချိန် လူထုရှေ့ ထွက်မလာတာကြာပြီဖြစ်တဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ဟာ တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲနဲ့အတူ လူထုရှေ့ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။
Read More

မင်းတပ်မြို့နယ်တွင် ၄ နှစ်ကျော်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၄၀) ဦး သေဆုံးခဲ့ပြီး (၁၂၀) ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် (၄၀) သေဆုံးခဲ့ပြီး အယောက် (၁၂၀) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကြောင်း၂ခု ရှေ့ဆက်နိုင်ရန် စစ်ကောင်စီ လေကြောင်းပစ်ကူသုံး လမ်းရှင်းနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ပခုက္ကူမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေက ​ကမ္မမြို့နဲ့ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေပြီး လေကြောင်းပစ်အကူအညီတွေနဲ့အတူ ရှေ့ဆက်တက်ဖို့ကြိုးစားနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လူသတ် မီးရှို့ ခိုးယူနေသည့် ရေစကြိုတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။