မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပေါင် ၅၀၀  ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ စေတီနဲ့ နေအိမ် ၁၇ လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၉ ရက် နေ့လယ်ပိုင်းမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအုပ်စု၊ တဂေးလောင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပေမယ့် လူတွေ ထိခိုက်သေဆုံးဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကနေ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်း (၈၀) ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာထံ အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့တောင်းဆိုလိုက်ပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါဝင်ဖို့ NUG ဖိတ်ခေါ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်လာဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်  တိုက်တွန်းလိုက်ပါတယ်။
Read More

မီးဖြတ်ခံရတာကြောင့် ထိုင်းထုတ်ကုန်တွေ မသုံးဖို့ မြဝတီက မဘသတချို့ ဆန္ဒပြနေ…

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုကို ရပ်တန့်လိုက်ပြီးနောက် မြဝတီမြို့က စစ်တပ်ထောက်ခံသူ မဘသတွေက ထိုင်းနိုင်ငံထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆန္ဒပြထုတ်ဖော်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။