စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ AA က စတင်တိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ကြီးသံတွေကို မြို့အတွင်းကနေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။  

စစ်ရေးသတင်းအရင်းအမြစ်အချို့ကတော့  စစ်တွေမြို့အပြင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA က စတင်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲကို စတင်လာခြင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အေအေက စစ်တွေမြို့မြောက်ဘက်က စစ်တပ်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်မှုတွေ ရှိနေပါတယ်။ 

အာရက္ခတပ်တော်ဟာ ဂွနဲ့တောင်ကုတ်မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး တစ်လအကြာမှာပဲ ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေကို စတင်ထိုးစစ်ဆင်လာခြင်းလည်းဖြစ်ပါတယ်။

AA က ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ထားပြီး မြို့တော်စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်ကျွန်းတို့ကိုသာ စစ်ကောင်စီဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဘက်ကတော့ စစ်တွေမြို့အနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ နတ်ပွဲအကြောင်းပြ လုပ်စားနေတဲ့ လောင်းကစားဝိုင်းတွေကို ပကဖ ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဝင်ရောက်ဖမ်းဆီးကာ ပါဝင်သူတွေကိုသတိပေးအရေးယူတာတွေ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။
Read More

ပြည်မှာ လူနာစောင့် အမျိုးသား၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ လူနာစောင့်နေတဲ့ အမျိုးသား ၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀…
Read More

ဖယ်ခုံမြို့နယ်အတွင်း လူနေအိမ်များမှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနှင့် ဘန်ကာများဆောက်လုပ်ထားမှု မြို့နယ် ပလဖ စစ်ဆေးကြည့်ရှု

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ လူနေအိမ်တွေမှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေ ဆောက်လုပ်ထားမှုအခြေအနေကို စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။