ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တစ်ကျော့ပြန်ထိုးစစ်အတွင်း ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုကာ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိတယ်လို့  KNDF B03 က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တစ်ကျော့ပြန်ထိုးစစ်ဟာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ထိုးစစ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့ တပ်သားသစ်တွေကို အဓိကထားအသုံးပြုကာ လူသားမဆန်တဲ့ အမိန့်ပေးစေခိုင်းမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လွိုင်ကော်အခြေစိုက် အမြောက်တပ်၊ ဖယ်ခုံအမြောက်တပ်၊ ခမရ ၄၂၂ တပ်တို့က ဒရုန်းတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို နေ့စဉ်တိုက်ခိုက်လျက်ရှိပြီး လေကြောင်းကနေလည်း မိုးဗြဲမြို့အစွန် ခမရ ၄၂၂ တပ်နဲ့ နီးစပ်တဲ့ လူနေအဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးလျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် ပြည်သူတွေအနေနဲ့ မိုး‌ဗြဲလမ်းမကြီးပေါ် သွားလာအသုံးပြုမှုကို သတိပြုသွားလာကြဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဝင်မလာနိုင်စေဖို့ ကာကွယ်ရေးတပ်တွေက ကြိုးစားခုခံသွားမှာဖြစ်တယ်လို့ KNDF-03 က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင် မီးလောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

Myingyan Black Tiger(MBT) မှ ဖလမ်းမြို့သိမ်းတိုက်ပွဲမှတ်တမ်းရုပ်သံ ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်သိမ်းပိုက် ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Myingyan Black Tiger(MBT) မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

KIA သိမ်းပိုက်ထားတဲ့ လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းစစ်ကြောင်းထိုးလာ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ စက်တင်ဘာ ၁၉ ရက်က စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းကွန်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၁လကြာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား အများအပြား သေပြီး တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားကာ စစ်သားအများအပြားသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ ရတနာပုံတပ်ဦးက သတင်းထုတ်ပြန်ထားပါ တယ်။
Read More

ညောင်ဦးမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၈ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ထွက်လာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။