ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ – အမှတ် ၁၂၂၂ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အခုလို ဟောပြောဆွေးနွေးပွဲတွေကို ပြည်သူတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေးနဲ့ ကြားကာလ ပညာသင်ကြားဖို့ လိုအပ်နေတဲ့ ကလေးငယ်တွေ ပညာရေးမ‌နှောင့်နှေးစေဖို့ ရည်ရွယ်ပြီး TRI ဗျူဟာရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာန၊ TRI ဗျူဟာ၊ ဆေးဌာန၊ စဥ့်ကူးမြို့နယ်‌ တော်လှန်ပညာရေးဌာနနဲ့ ရပ်ကျေးတာဝန်ခံတွေ ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရှုံးလာတာနဲ့အမျှ တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သား ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ၊ လူနေအဆောက်အဦးတွေ၊ အများပြည်သူပိုင် ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေ ဦးတည်တိုက်ခိုက်လာနေတယ်လို့လည်း TRI ဗျူဟာက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်၊TRI ဗျူဟာအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အစဉ်အမြဲကူညီပံ့ပိုးပေးနိုင်ဖို့ ကြိုးစားနေပြီး TRI ဗျူဟာနဲ့အတူ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တွဲလက်ညီညီ ပူးပေါင်းပါဝင် ကူညီနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကြောင်းမှ တပ်သား ၁ ဦး ကျန်နေရစ်ကာ လက်နက်နှင့် အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၁၈) က စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဂုဏ်သိက္ခာကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုအဖြစ် အကြမ်းဖက်စစ်တပ် စဉ့်ကူးဆေးရုံကို ထပ်မံ လေကြောင်းဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော် ဦးဆောင်ဖွင့်လှစ်သင်ကြားခဲ့သည့် (CQB) သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်း အခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အပတ်စဉ် (၁) (CQB) သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၃၁) ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ 
Read More

ထားဝယ်တွင် စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂၀ ကျော် သေပြီး ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

ကပစ စက်ရုံများဆီ သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဂျိုင်ရိုကော်ပတာများကိုလည်း ပစ်ချနိုင်ရန် ကြိုးစားနေကြောင်း မြိုင်ပကဖ ပြော

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ စက်ရုံဆီ သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့သလို ဂျိုင်ရိုကော်ပတာ​ယာဥ်တွေကိုလည်း မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။