ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ကျောက်မဲခရိုင်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၃၈) ယောက်နဲ့ မူးယစ်ဆေးဝါးရောင်း၀ယ်ဖြန့်ဖြူးသူ (၄) ယောက်ကကို ယာမ (၁၂၇၆) ထုပ်နဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပြီး မိုးကုတ်ခရိုင်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၁) ယောက်နဲ့ မူးယစ်ဆေးဝါးရောင်း၀ယ်သူ (၂) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကွတ်ခိုင်ခရိုင်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅) ယောက်နဲ့ မူယစ်ဆေးဝါးရောင်း၀ယ်သူ (၁) ယောက် ဖမ်းဆီးနိုင်ခဲ့ပြီး နမ့်ဆန်ခရိုင်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
နမ့်ခမ်းခရိုင်မှာလည်း TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူ (၅၄) ယောက်နဲ့ မူးယစ်ဆေးဝါးရောင်း၀ယ်သူ (၆) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးရမိထားသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကြီးသူတွေကိုတော့ ထောင်အတွင်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃) ယောက် ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း တိုက်ပွဲများတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနှင့် တပ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း အပါအဝင် အရာရှိနဲ့ တပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်များ မတိုက်ခိုက်မီ ဟိုင်းယုလမ်းဆုံတပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်၊ စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးက ဟိုင်းယုလမ်းဆုံရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ကာ ရှင်းလင်းရေးပြုလုပ်နိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ပါတယ်။
Read More

စေတုတ္တရာတွင် ပြည်သူ့စစ်ဖွဲ့သည့် စစ်တပ်ဒေါက်တိုင်များအား ပကဖ ရှင်းလင်းနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကမြို့နဲ့ အနီးဆုံး ကျေးရွာတွေမှာ စစ်ကောင်စီအလိုကျ ပြည်သူ့စစ် ဖွဲ့စည်းပေးနေသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မြို့နယ်ပကဖက  လိုက်လံ သုတ်သင် ရှင်းလင်းနေတာကြောင့် စစ်တပ်ယန္တရားအောက်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

သံဖြူဇရပ်တွင် စစ်ကောင်စီ၏ တိုက်ကင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ တိုက်တင်းကို ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ဦးကို အုပ်ထိန်းသူများထံ အပ်နှံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။