ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို ဖေဖော်ဝါရီ ၇ ၇က် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။

မီးရှို့မှုကြောင့် ပြည်သူနေအိမ် ၁၆ လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ အင်အား ၄၀ ခန့်နဲ့ ထန်းပင်ရွာဘက်ကနေ ပြည်သူပိုင်ယာဉ်တွေကို ချောဆွဲပြီး စင်မြင့်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့ စက်မှုဇုန်အနီး တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ဗောဓိတစ်ထောင်လမ်းပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71 Local People Defense Force Monywa က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက် မီးခိုးငွေ့ကြောင့် မိသားစုတစ်ခုလုံး အသက်ဆုံးရှုံး (ရုပ်/သံ)

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ တိုက်ခန်းတစ်ခုမှာ အပုပ်နံ့ ထွက်နေတဲ့အတွက် ပတ်ဝန်းကျင်က သော့ဖျက်ပြီး ဝင်ရောက်ကြည့်ရှုရာမှာ သေဆုံးနေတဲ့ အလောင်း ၄ လောင်းနဲ့ အိမ်မွေးခွေး ၁ ကောင်ကို တွေ့ရှိခဲ့တယ်လို့ အိမ်နီးချင်း နီးစပ်သူထံက သိရပါတယ်။
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့အနီး ကျေးရွာ ၂ ရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ အုန်းတောရွာ နဲ့ ကညှပ်ရွာကို ဇန်နဝါရီ ၃၀ ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

မလှိုင်မြို့နယ် သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၂ ယောက် သေကာ ၁ ယောက် ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။