မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ 

မြန်မာနိုင်ငံဟာ လက်ရှိအချိန်အထိ အခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် အရေးပေါ်ကာလ ၁နှစ်အဖြစ် သမ္မတထရန့်က ဆက်လက်တမ်းတိုးလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အမေရိကန်အစိုးရက စစ်အာဏာသိမ်းမှု ၄ နှစ်အတွင်း မြန်မာနိုင်ငံရဲ့အခြေအနေကို နှစ်စဉ်သက်တမ်းတိုးခဲ့ရာ လက်ရှိသမ္မတ ထရန့်ကလည်း ဖေဖော်ဝါရီ ၄ ရက်မှာ လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေကို ဖမ်းဆီးပြီး ဒီမိုကရေစီအကူအပြောင်းနဲ့ တရားဥပဒေစိုးမိုးမှုကို သွေဖယ်ခြင်းတို့ဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်မှုအဖြစ် သမ္မတအမိန့်နဲ့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်သက်တမ်းတိုးမှုကြောင့်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေအပေါ်  အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်တည်ရှိနေမှာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်မှာ သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာ့စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအခြေအနေဟာ အမေရိကန်အတွက် အရေးပေါ်အခြေအနေအဖြစ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

“တိုင်းပြည်တစ်ပြည် လွတ်မြောက်ဖို့က အဲ့ဒီတိုင်းပြည်ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အစုအဖွဲ့တွေ ကိုယ်တိုင်ကပဲ အဓိက ရုန်းကန်ကြရတာပါ။ အဲ့ဒီရုန်းကန်နေမှုကို အကူအညီမပေးရင်တောင် အနှောင့်အယှက်မဖြစ်ဖို့က အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ 

မိတ်ကောင်းဆွေကောင်း တွေများများရှိပြီး ဒီရုန်းကန်မှုကို ဝိုင်းကူကြရင်တော့ဖြင့် ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေလည်း သက်သာပြီး တော်လှန်ရေးခရီးက မြန်မြန်ပိုရောက်နိုင်မှာ ဖြစ်တဲ့အတွက် မိတ်ဆွေကောင်းတွေ ရှာဖွေတဲ့ အလုပ်ကလည်း စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေရတဲ့ အလုပ်ပဲ ဖြစ်ပါတယ်” အမေရိကန်ရဲ့ ရပ်တည်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေဝန်ကြီး ဒေါ်ဇင်မာအောင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီအတွက် လေယာဉ်တွေရောင်းနေတဲ့ AVIC နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ Airbus ကို ရပ်တန့်စေဖို့ ဥရောပနိုင်ငံတချို့ အကျိုးအမြတ်တွေကြောင့် မျက်ကွယ်ပြုနေ

ဥရောပနိုင်ငံကြီး (၃) နိုင်ငံက ရှယ်ယာပါဝင်ထားတဲ့ Airbus ရဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်ပိုင် AVIC  လုပ်ငန်းစုနဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမှုကို အကြိမ်ကြိမ် ကန့်ကွက်နေတဲ့ကြားထဲက လုပ်ဆောင်နေမှုဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့  Justice For Myanmar နဲ့ Info Birmanie တို့ကပူးတွဲထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရန် တရုတ်ကို NUG တိုက်တွန်း၊ မင်းအောင်လှိုင်ကို စစ်ရေးပြအခမ်းအနား ဖိတ်ကြားမှု မြန်မာပြည်သူများ၏ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေဟု ဆို

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုမှု ဆိုင်းငံထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ တိုက်တွန်းစာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အာဆီယံအစည်းအဝေး ၅၀၀ ကျော် တက်ရောက်ခွင့်ရခဲ့

အာဆီယံအစည်းအဝေးတချို့မှာ စစ်အုပ်စု ပါ၀င်တက်ရောက်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို မြန်မာစစ်တပ် ယာယီပိတ်ထား၊ ထိုင်းဘက်ကို ကြိုတင်အကြောင်းကြားခြင်း မရှိဟု ဆို

ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကို ဒီနေ့ ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာ မြန်မာဘက်ခြမ်းကနေ စစ်တပ်က ယာယီပိတ်ထားလိုက်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။