စစ်ကိုင်းတိုင်း၊ ဘုတင်လင်မြို့၊ စီပါကျေးရွာမှာ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်၊ မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ကျူးလွန်မှုဟာ  စစ်ရာဇဝတ်မှုမြောက်တာကြောင့်  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေ အမြန်ဆုံး အရေးယူပေးဖို့ လိုအပ်ကြောင်း Fortify Rights လူအခွင့်အရေးအဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

စီပါရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရွာခံလူ ၆ ယောက်ထက်မနည်း သတ်ဖြတ်ခံရမှုအတွက် စစ်ကောင်စီကို အရေးယူဖို့ တိုက်တွန်းတောင်းဆိုလိုက်တာပါ။

Fortify Rights လူအခွင့်အရေးအဖွဲ့က ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို အဓိကဖော်ထုတ်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး စီပါရွာ ဖြစ်ရပ်ဆိုးအတွက် စစ်ကောင်စီကို အရေးယူဖို့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဘုတလင်၊ စီပါရွာကို ၂၀၂၄ အောက်တိုဘာ ၁၇ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက် စစ်ကြောင်းပြန်ထွက်သွားပြီးတဲ့နောက် စီပါရွာခံ လူ ၆ ယောက်ထက်မနည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်၊ မီးရှို့သတ်ဖြတ်ခံထားရတာကို ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ Fortify Rights)

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ  အသက်ဘေးမှ ရှင်သန်လွတ်မြောက်သူတွေအကြား ကြောက်စိတ်တွေ ထည့်သွင်းပေးခြင်း၊ အတင်းအကြပ်နေရပ်မှ မောင်းထုတ်ခြင်းနဲ့ ခုခံတော်လှန်မှုကိုတားဆီးဖို့ အသုံးပြုတဲ့နည်းပရိယာယ်ဖြစ်ပြီး နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်တယ်လို့ Fortify Rights ကပြောပါတယ်။

“ICC အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ နေ့တိုင်းနီးပါးဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်နိုင်ရေး ချက်ချင်းအရေးယူဆောင်ရွက်သင့်ပါတယ်” လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံတစ်ယောက်ဖြစ်သူ ကိုစိုင်းအာကာက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ စီပါရွာခံ ဦးတင်လှိုင် အသက် ၈၀ ခန့်၊ ဦးသက်အောင် ၄၂ နှစ်၊ ဦးကျောင်းပို ၅၇ နှစ်၊ အသက် ၅၀ နှစ်ခန့်ရှိ ဦးရာစိန်နဲ့ ဦးဌေးလွင်တို့ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့ပြီး စီပါရွာသားတွေကိုယ်တိုင် အတည်မပြုနိုင်သေးတဲ့ ရုပ်အလောင်း ၁ ခုကိုလည်း တွေ့ရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးလောင်ထားတဲ့ ရုပ်အလောင်းတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဓာတ်ပုံတွေ အများအပြားရရှိထားပြီး ဓာတ်ပုံမှတ်တမ်းတွေအရ စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်းကို ပေါ်လွင်တယ်လို့ ဆိုပါတယ်။

အရပ်သားတွေ စစ်ပွဲကြားထဲရောက်ရှိလာတဲ့အခါ ကာကွယ်ပေးတဲ့ ဥပဒေအပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းရာမှာ အသုံးပြုတဲ့ စစ်ဥပဒေကို လူသိများတဲ့  နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေမှာ ဖော်ပြထားပါတယ်။ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ ဖြတ်တောက်ခြင်းကို ဂျနီဗာ သဘောတူညီချက် အပိုဒ်(၈) အရ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။

စီပါရွာက ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်၊ မီးရှို့သတ်ဖြတ်ခံခဲ့ရသူများကို ပရိတ်တရားနာပွဲကျင်းပသည့်နေ့ (ဓာတ်ပုံ CJ)

တစ်ဆက်တည်းမှာပဲ အခုလိုလုပ်ရပ်ဟာ ဒေသခံပြည်သူတွေကို စိတ်ဓာတ်စစ်ဆင်ရေးအရ အကြီးအကျယ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပြီး ကြောက်စိတ်တွေ ဖြစ်စေဖို့ အကြမ်းဖက်လုပ်ဆောင်ခြင်းလို့လည်း ဂျနီဗာ သဘောတူညီချက်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အခုလိုမျိုး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကို စစ်ကောင်စီက အခုမှ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း ကျူးလွန်ခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်နဲ့ ပြည်သူတစ်ယောက်ကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်တဲ့ ဖြစ်စဉ်တစ်ခုကို စစ်ကောင်စီက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဆီမှာ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားများစွာ ရှိနေပြီး အရေးယူဖို့ ခိုင်လုံနေပြီလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ စစ်ကောင်စီဘက်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အချိန်ဆိုင်းမနေဘဲ အမြန်ဆုံး အရေးယူဖို့ လက်ရှိ စီပါရွာ ဖြစ်စဉ်နဲ့အတူ တိုက်တွန်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Read More

NUG ၏ လူသားစာနာ ဝန်ကြီးဌာနမှ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်း ပံ့ပိုးပေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်းကို အမှန်တကယ် အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့၏ မြေပြင်သပိတ်များ ဘေးကင်းစေကြောင်း NUG သဝဏ်လွှာပေးပို့

မြေပြင်မှာ သပိတ်တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်အုပ်စု ၅ ဦး သေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။