အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။

အိန္ဒိယအရှေ့မြောက်ဒေသ၊ အာသံအကျဥ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ ယောက်ဟာ ထောင်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ မဟာမင်းကြီးရုံး(UNCHR) ရဲ့အကူအညီရရှိရေး၊ သူတို့ကို မြန်မာ စစ်ကောင်စီတပ်ထံ မလွှဲပြောင်းရေးတွေအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

အစာငတ်ခံဆန္ဒပြမှုကို ဖေဖော်ဝါရီလ ၄ ရက်နေ့ညနေပိုင်းကစလို့ ကာယကံရှင်တွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေကြောင့် ရပ်တန့်လိုက်ပြီလို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“ဆန္ဒပြတာကို အင်္ဂါနေ့ညနေကနေစပြီး ရပ်လိုက်ပါပြီ။ အဓိကအားဖြင့် ကျန်းမာရေးထိခိုက်ကြတာပေါ့။ နာတာရှည်ရောဂါသည်တွေရှိတယ်။ သူတို့ရဲ့ အဓိကအခက်အခဲကတော့ လွတ်ရမယ့်ရက် မသိရတာပေါ့။ အဲ့ဒါကစိတ်ဖိစီးမှုပေါ့၊ လွတ်နိုင်မယ့်အခြေအနေလည်း မရှိလို့ပါ။ သူတို့လို​မျိုး အိန္ဒိယမှာ ထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသားတွေဆို နှစ်၂၀လောက်အထိ ထိန်းသိမ်းခံရတဲ့သူတွေရှိတယ်ဆိုတော့ စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်ကြတယ်ပေါ့။ ဆန္ဒပြတာကလည်း အဲ့ထိခိုက်မှုတွေကြောင့်ပါ။” လို့ India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။

ချင်းလူငယ်များအကျဥ်းကျ​​နေသည့် အာသံအကျဉ်းထောင် (ဓာတ်ပုံ The Time Of India)

ဆန္ဒပြခဲ့တဲ့ ချင်းလူငယ်တွေဟာ ချင်းပြည်နယ်၊ တီးတိန်နဲ့ ဖလမ်းမြို့နယ်တွေကဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းကာစ ၂၀၂၁ နှစ်စပိုင်းတွေမှာကတည်းက ထွက်​ပြေးတိမ်းရှောင်ရင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR ကို ခိုလှုံဖို့ သွားရောက်ရင်း ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ သိရပါတယ်။

အကျဉ်းချခံထားရသူတွေထဲက ထက်ဝက်ခန့်ဟာအမျိုးသမီးတွေဖြစ်ပြီး သက်ဆိုင်ရာဥပဒေအရ ငွေဒဏ်၊ ထောင်ဒဏ်တွေ ကျခံံထားပြီးဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကို အကြောင်းပြကာအခုလို ဆက်လက်ထိန်းသိမ်းခံထားရတာလို့ သိရပါတယ်။

“ဆန္ဒဆက်ပြဖို့ကတော့​ အခြေအနေပေါ် မူတည်ပြီးလုပ်ကြမှာပါ။ အခုလောလောဆယ်တော့ ဘာမှလုပ်ဖို့မရှိသေးဘူး။ ဒါပေမယ့် ဆန္ဒပြတဲ့အပေါ်  (အိန္ဒိယ)အစိုးရအနေနဲ့ ထူးထူးခြားခြား မတုံ့ပြန်ရင်တော့ ဆက်ပြနိုင်ချေရှိပါတယ်” လို့ India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကိုပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား အများအပြားရှိပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီတပ်ထံ မလွှဲပြောင်းရေးတွေအတွက် ကာယကံရှင်တွေကအစာငတ်ခံဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာအကျဉ်းထောင်ထဲမှာ အကျဥ်းကျခံနေရတဲ့ မြန်မာအမျိုးသမီးနဲ့ ကလေးတွေကအလားတူ ဆန္ဒပြခဲ့ကြပါသေးတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

မအူပင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သင်တန်းတက်ပြီး ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၉ယောက်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
Read More

ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးမလုပ်ရန် အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် ကြေညာ

အကြမ်းဖက်စစ်တပ် အန္တရာယ်ပြုလာနိုင်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ကရင်နီပြည်အတွင်း လူစုလူဝေးမလုပ်ဖို့ ဒီနေ့ ဒီဇင်ဘာ ၁၉ရက် ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမှာ စျေးဆိုင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၁၁) ဦး သေဆုံး၊ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။