တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ချိန် ဒဏ်ရာရခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထပ်မံ ခွဲစိတ်မှု ပြုလုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ Ta’ang Women’s Organization က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်က တိုက်ပွဲမဖြစ်ပွါးဘဲ စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးရုံးကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အမျိုးသမီးတစ်ယောက် သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဒဏ်ရာရရှိတဲ့ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်ဟာ ညာခြေထောက် ဒူးအောက်ပိုင်း အရိုးကျိုးပြီး အသားတွေလည်း ကြွေမွသွားတာကြောင့် လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးကို လေယာဉ်နဲ့ သုံးခါလာပစ်ချသွားတာ၊ ဒုတိယတစ်ခေါက်မှာ သူက ဗုံးစမှန်သွားတယ်၊ နောက်အမျိုးသမီး တစ်ယောက်လည်း ထိတယ်၊ သူကတော့ သေသွားတယ်၊ ဈေးသိမ်းနေတဲ့အချိန်ဆိုတော့ လူကသိပ်မများတော့ဘူး၊ ပြန်တဲ့သူလည်း ပြန်ကုန်ကြတယ်လေ”လို့ ဒဏ်ရာရ အမျိုးသမီးငယ်ရဲ့ မိသားစုဝင် တစ်ယောက်က တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပြကြောင်း ဆိုပါတယ်။

နောင်ချိုမြို့နယ်မှာ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး ထိခိုက်မှုစာရင်း အသေးစိတ်ရရှိဖို့အတွက် ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Ta’ang Women’s Organization)
(ဓာတ်ပုံ Ta’ang Women’s Organization)
0 Shares:
You May Also Like
Read More

ရေစကြိုမှာ စစ်ကောင်စီတပ်က PDF စခန်းကို လေကြောင်းဗုံးကြဲ၊ မြေပြင်စစ်ကြောင်းထိုးကာ ပြည်သူ ၁ယောက်ကို သတ်ဖြတ်သွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်စဉ်မှာ ပြည်သူ ၁ယောက်ကို အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSO ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စက်တင်ဘာလ ၂၈ ရက် ဒီနေ့ညနေပိုင်းမှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၄ လုံး ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းမြို့နယ်မှာ ပအဖ နဲ့ ပကဖ တွေ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ကာ မင်းကင်းမြို့နယ်၊ တပ်ရင်း- ၂၊ တပ်ခွဲ - ၁ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။