ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆ မြို့ကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ခဲ့ရတယ်လို့  ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က မောင်တော၊ တောင်ကုတ်၊ ဂွနဲ့ အမ်းမြို့တွေကို အပြီးသတ်သိမ်းနိုင်ခဲ့သလို ချင်းပြည်နယ်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်က ဆိုပါတယ်။

အဓိကအားဖြင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီအတွက် အရေးပါတဲ့ မြို့ကြီးတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဉာဏ်လင်းသစ်အဖွဲ့၏ ထုတ်ပြန်ချက်

ပြင်းထန်တဲ့ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၁၄၃၇ ယောက် သေဆုံးပြီး ၃၈၄ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲကာလတွေမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၇၂ ယောက်သေဆုံးပြီး ၂၅၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရေတပ်နဲ့ သံချပ်ကာ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီတပ်ရဲ့ ရေတပ်နဲ့ သံချပ်ကာပြင်ဆင်ရေးတပ်က တပ်ကြပ်ကြီးနှစ်ဦး ရန်ကုန်တိုင်းစစ်ဌာနထံ ခိုလှုံ ဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနက အသိပေး ထုတ်ပြန်ပါတယ်။
Read More

AA နဲ့ ရိုဟင်ဂျာတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး AA က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့ပေါ် ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ဦးကို စစ်အုပ်စု ဖမ်းဆီးထား၊ ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ထိုင်းမှာ တရားမဝင် နေထိုင်ရာက အဖမ်းခံရပြီး စစ်မှုထမ်းတပ်သား ဖြစ်လာသူ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ‌

မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်  ၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့များကို ဆဲဆိုပြီး သီချင်းဆိုနေသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က စစ်ကော်မရှင်တပ်သားတွေ ဆဲဆိုပြီး သီချင်းဆိုနေချိန် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။