ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၄) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၅၈၄ တပ်ရင်းက ဒုတပ်ကြပ်နဲ့ တပ်သား ၃ ယောက်ဟာ လက်နက်တွေ ယူဆောင် အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ပေါ်တာဆွဲခံခဲ့ရပြီး စစ်မှုထမ်းအဖြစ် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စေခိုင်းခံခဲ့ရသူတွေဖြစ်ကာ လက်နက်ချ အလင်းဝင်ချိန်မှာတော့ MA-4 တွဲပစ် လောင်ချာ (၁) လက်၊ MA-1 (၂) လက်၊ ကျည် (၇၅) တောင့်နဲ့ ကျည်ဘောက် (၃) ဘောက်တို့ကို ယူဆောင်လာခဲ့တယ်လို့ KNU က ဆိုပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက်ကို KNU ရဲ့ ကျောက်ကြီးမြို့ တာဝန်ရှိသူတွေနဲ့ တပ်ရင်း (၉) တာဝန်ရှိသူတွေ ပူးပေါင်းပြီး တစ်ယောက်ကို မြန်မာငွေ ကျပ် (၁၀) သိန်းစီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မိမိ ဆန္ဒသဘောထားမပါဝင်ဘဲ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရရာနည်းလမ်းနဲ့ လက်နက်ချ အလင်းဝင်ဖို့ KNU က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် အနောက်ဘက် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က အရပ်သား ၇ ဦးကို ဓားစာခံလုပ် ဖမ်းဆီးကာ စစ်ကြောင်းဆက်ထွက်ဖို့ ပြင်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ်အလုံး ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးကာ ကျေးရွာနေ အရပ်သား ၇ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

စလင်းမြို့နယ်မှူးရုံးတွင် ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ဦး အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းခရိုင် တပ်ရင်း (၁) ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စစ်အုပ်စုထံ ဝင်ရောက်သွားသည်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ စစ်အုပ်စုထံ အလင်းဝင်ရောက်သွားတယ်လို့ အဆိုပါတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
Read More

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထား

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်တစ်ဖြစ်လည်း နေရွှေသွေးအောင်ရဲ့ ဖခင် ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီနေ့မှာ တရားဝင် သတင်းထုတ်ပြန်လာပါတယ်။
Read More

ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ FUTURE HERO အဖွဲ့က ထုတ်ပြန်ပါတယ်။