မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ မဲပလီကျေးရွာမှာ ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၈ လက်အောက်ခံ မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို)က ဒီနေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။

စကခ ၈ နည်းဗျူဟာ (၂) မှူး ဗိုလ်မှူးကြီး သက်လွင်ဦးနဲ့ အမှတ် (၄၀၅) ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးတို့ အခြေစိုက်တဲ့ မဲပလီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ (၁) ရက်က စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ (၁) ရက် နေ့လည်ပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

မဲပလီ စစ်ကောင်စီတပ်စခန်းက သိမ်းပိုက်ရရှိတဲ့ စစ်လက်နက်များ (ဓာတ်ပုံ KNU)
မဲပလီ စစ်ကောင်စီတပ်စခန်းက သိမ်းပိုက်ရရှိတဲ့ စစ်သုံ့ပန်းများ (ဓာတ်ပုံ KNU)

စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူး (၁) ယောက်နဲ့ ဗိုလ်ကြီး (၁) ယောက် အပါအဝင် (၂၉) ယောက် သေဆုံးခဲ့ပြီး ဗိုလ်ကြီး (၁) ယောက်၊ တပ်ခွဲတပ်ကြပ်ကြီး (၁) ယောက်၊ တပ်ကြပ်ကြီး (၄) ယောက်၊ တပ်ကြပ် (၅) ယောက်၊ ဒုတပ်ကြပ် (၄) ယောက်နဲ့ တပ်သား (၁၄) ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကာ စစ်သုံ့ပန်းတွေထဲ ဒဏ်ရာရရှိသူ (၁၃) ယောက် ပါဝင်တယ်လို့ KNU က ဆိုပါတယ်။

တိုက်ပွဲအပြီး ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး လက်နက်ငယ်  စုစုပေါင်း (၄၂) လက်နဲ့ လက်နက်ကြီး ကျည် (၁၃၃)လုံး၊ လက်နက်ငယ်ကျည်ဆံ (၁၇၂၆၄)လုံး အပြင် စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က (၃) ယောက် အသက်ပေးလှူခဲ့ရပြီး (၃၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မဲပလီ စစ်ကောင်စီတပ်စခန်းက သိမ်းပိုက်ရရှိတဲ့ စစ်လက်နက်များ (ဓာတ်ပုံ KNU)
မဲပလီ စစ်ကောင်စီတပ်စခန်းက သိမ်းပိုက်ရရှိတဲ့ စစ်လက်နက်များ (ဓာတ်ပုံ KNU)

အဆိုပါတပ်စခန်းကို စတင်တိုက်ခိုက်တဲ့အချိန်ကနေ အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်တဲ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ Jet Fighter နဲ့ (၃၃) ကြိမ်၊ Y−12 Drock Bowm နဲ့ (၁)ကြိမ်၊ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ အမှတ် (၃) ခြေမြန်တပ်ရင်းက ၁၅၅ မမ လက်နက်ကြီးနဲ့ (၃) ကြိမ် စစ်ကူပစ်ပေးခဲ့တဲ့အပြင်  Y−12 ထောက်ပို့လေယာဥ်နဲ့ လက်နက်ကျည်၊ စစ်အသုံးအဆောင် ပစ္စည်းတွေ (၁၂) ကြိမ် လာရောက်ချပေးခဲ့တယ်လို့ KNU က ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူတွေဟာ အသက်အန္တရာယ်စိုးရိမ်ကြောက်ရွံမှုကြောင့် ဘီးလင်းမြို့နယ် မဲပလီကျေးရွာအုပ်စုအတွင်း ရွာ (၈) ရွာက အိမ်ခြေ (၂၆၆)အိမ်ရှိ လူဦးရေ (၁၃၁၈) ယောက်၊ အစူးချောင်းကျေးရွာအုပ်စုအတွင်း ရွာ (၄) ရွာက အိမ်ခြေ (၁၇၃) အိမ်ရှိ လူဦးရေ (၈၇၇) ယောက်၊ ပီတိကျေးရွာအုပ်စု အတွင်း ရွာ (၄) ရွာက အိမ်ခြေ (၁၂၁) ရှိ လူဦးရေ (၆၆၅ ) ယောက်၊ ရွှေလောင်းအင်းကျေးရွာအုပ်စုအတွင်း ရွာ (၄) ရွာက အိမ်ခြေ (၂၄၄) အိမ်ရှိ လူဦးရေ (၁၁၂၆) ယောက် စသဖြင့် စုစုပေါင်း ရွာ (၁၉) ရွာက အိမ်ခြေ (၈၀၄) အိမ်ရှိ လူဦးရေ (၃၉၈၆) ယောက်ဟာ အိုးအိမ် စည်းစိမ်စွန့်ခွါကာ ဘေးလွတ်ရာ စစ်ဘေးရှောင် နေခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

မတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြု 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ မနက်ပိုင်း အလံတင်အလေးပြု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခရိုင်လှုပ်ရှားတပ်ရဲဘော်တွေ တစ်နေ့တာအစ မနက်ပိုင်းမှာ အလံတင်အလေးပြုတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုအတွက် စစ်မှု‌ထမ်းကြေး ကောက်ခံပေးသည့် ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်က လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော် (ASU/SAF) က လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းနဲ့ မျှဝေခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။