စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ်(၃) နယ်မြေ၊ ညောင်ကိုင်းကျေးရွာ ပျူစောထီးစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့နယ်၊ တိုက်နယ် (၃) နယ်မြေ၊ ညောင်ကိုင်းကျေးရွာ ပျူစောထီးစခန်းက ပြည်သူ့စစ် ၁ ယောက်က ဇန်နဝါရီ ၃၀ ရက်မှာ ကာဘိုင် (၁) လက်၊ ကျည်ဘောက် (၂) ဘောက်၊ ကာဘိုင်ကျည် (၁၈၀) တောင့်၊ နာနတ်သီး (၁) လုံးနဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂ ရက်မှာလည်း အဲ့ဒီပျူစခန်းကပဲ ပြည်သူ့စစ် နောက်တစ်ယောက်က ကာဘိုင် (၁)လက်၊ ကျည်ဘောက်(၃) ခု၊ ကာဘိုင်ကျည် (၁၅၄) တောင့်တို့ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ် ပကဖ အနေနဲ့ အလင်းဝင်လာတဲ့ ပြည်သူ့စစ် ၂ ယောက်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံခဲ့သလို အလင်းဝင်သူတွေဆီကနေ ထပ်မံ အလင်းဝင်လိုသူများစွာ ရှိသေးကြောင်း ကြားသိရတယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုဆုငွေ ထိုက်သင့်မျှတအောင် ချီးမြှင့်ခဲ့ပြီး လူ့အခွင့်အရေးနဲ့အညီကောင်းမွန်စွာ ထိန်းသိမ်းထားရှိထားတယ်လို့ ရွှေဘို ပကဖ က ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေအနေနဲ့ အမြန်ဆုံး အလင်းဝင်ရောက်ဖို့ လိုအပ်ပြီး လူ့အခွင့်အရေးနဲ့အညီ ပြည်သူ့ရင်ခွင်ခိုလှုံနိုင်ဖို့ တိုက်တွန်းနှိုး​ဆော်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

TRI ဗျူဟာမှူးက ဗျူဟာရှိရဲဘော်များ ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ်တက်ကြွစေရန် စိတ်ဓာတ်မြှင့်တင်ရေး အားပေးစကားများပြောကြားခြင်းနှင့် International Humanitarian Law အကြောင်း သင်တန်းပို့ချခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၂၂၂ တပ်ရင်း(TRI) ဗျူဟာရဲ့ ဗျူဟာမှူးက (TRI)ဗျူဟာရှိ ရဲဘော်ရဲဘက်တွေကို ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်တက်ကြွမှုတွေ မြင့်တက်စေဖို့ ရည်ရွယ်ပြီး စိတ်ဓာတ်မြှင့်တင်ရေး နဲ့ အားပေးစကားတွေ ပြောကြားခဲ့ကာ ( TRI )ဗျူဟာရဲ့ တပ်တွင်းစစ်စည်းကမ်းတွေ၊ ဥပဒေများတွေအကြောင်း သင်တန်းပို့ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါးနှင့် သာမဏေ ၄ ပါး အပါ အရပ်သား (၉) ဦး သေဆုံး၊ (၁၇) ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့က စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ ပါးနဲ့ သာမဏေ ၄ ပါး အပါအဝင် အရပ်သား (၉) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မနက်ပိုင်းမှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ ၁၂၃ ယောက်ကို မြန်မာပြည်ပြန်ပို့

ရခိုင်ဒေသတိုက်ပွဲတွေအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလှုံခဲ့ကြတဲ့စစ်ကောင်စီတပ်သားနဲ့နယ်ခြားစောင့်ရဲစုစုပေါင်း၁၂၃ယောက်ကိုစက်တင်ဘာလ၂၉ရက်တနင်္ဂနွေနေ့ကမြန်မာပြည်ဘက်ပြန်လည်လွှဲပြောင်းခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြထားပါတယ်။ စစ်ကောင်စီကမြန်မာပြည်မှာအကျဉ်းကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၈၅ယောက်ကိုသင်္ဘောနဲ့ဘင်္ဂလားဒေ့ရှ်ကော့ဘဇာဘက်ပြန်ပို့ပြီးနောက်သူ့ရဲ့လက်အောက်ခံတွေကိုပြန်လည်ခေါ်ဆောင်သွားတာပါ။
Read More

ရွှေကုက္ကိုလ်မှာ ကျားဖြန့်နှိမ်နင်းရေးဆိုပြီး BGF ဖွဲ့ထားသည့် အထူးအဖွဲ့က လုပ်ငန်းခွင်တွေကို လိုက်လံရှာဖွေစစ်ဆေးနေ

စစ်ကောင်စီလက်အောက်ခံ စောချစ်သူခေါင်းဆောင်တဲ့ BGF က ကျားဖြန့်နဲ့ လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့စည်းပြီးနောက် အဆိုပါအဖွဲ့က ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာ လုပ်ငန်းခွင်တွေနဲ့ လူနေထိုင်ရာ အဆောင်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။