ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အောင်သပြေကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို KNDF ဗျူဟာအမှတ်-၂ က ထုတ်ပြန်လိုက်ပါတယ်။

အောင်သပြေကုန်းစစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၁၈ ရက်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂၊ KNDF တပ်ရင်းအမှတ်- ၂၊ KNDF တပ်ရင်းအမှတ်- ၁၄၊ KNDF UAV နဲ့ Loikaw PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ဗိုလ် ၁ ယောက်၊ တပ်ကြပ် ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၉ ယောက်သေကာ ၄ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းကနေ MA-1 ၇ လက်၊ MA-11 ၄ လက် နဲ့  MA-3 ၁ လက် စုစုပေါင်း သေနတ် ၁၂ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်တိုက်ပွဲအတွင်း လက်နက်ချသည့် စစ်ကော်မရှင်တပ်သားများကို အချင်းချင်း ပြန်လည် ပစ်ခတ်သတ်ဖြတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်ကြောင်းတစ်ဖွဲ့လုံး ချေမှုန်းခံခဲ့ရပြီး လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ OneMore စစ်ကြောင်း-Mgn District က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းချင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက မီတာ ၅၀ အကွာအထိ အနီးကပ်ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ခံများ အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်း သံပုံးတီး ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူး ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားရာနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်အတွက် အသေခံမလား (သို့) အာဏာရှင်ကို အတူဖြုတ်ချကြမလား (ရုပ်/သံ)

စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ပါတယ်။