မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ် – ရေးလမ်းမကြီးပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) – NMSP (AD) က ထုတ်ပြန်ထားပါတယ်။

NMSP (AD) တပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ သံဖြူဇရပ် – ရေးလမ်းမကြီးပေါ် ကွမ်းဒူးနဲ့ နှင်းစုံကျေးရွာကြား တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အနည်းဆုံး (၅) ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NMSP (AD) က ဆိုပါတယ်။

နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဟာ (၁)နာရီခန့်ကြာ ဖြစ်ပွားခဲ့ပြီး NMSP(AD) က ရဲဘော်တစ်ယောက် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သလို တိုက်ပွဲဖြစ်ပွါးပြီးတဲ့နောက် အာရုတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၃၄၃)နဲ့ ခမရ (၅၈၇) တပ်ရင်းတို့ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်း ၂ ရဲ့ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၂) က ရဲဘော်တွေဟာ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးပြင်ဆင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

သံလွင်တံတား (မော်လမြိုင်) မှာ လက်နက်တွေ ဖမ်းဆီးရမိ ဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားက စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်ဆောင်လာသူ ၁ ယောက်ကို ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့

နေပြည်တော် MICC2 မှာပြုလုပ်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရှားထူးဝေါ်အဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြောက်ဥက္ကလာပ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်၊ ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများ သေဆုံးသည့်အပေါ် ကုလက များစွာ စိုးရိမ်ပူပန်နေပြန်…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။