မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ဒေသတော်လှန်ရေးတပ်တစ်ခုရဲ့ စခန်းကို ဝင်ရောက် မီးရှို့ဖျက်ဆီးရာ ငွေကျပ်သိန်း ၄၅၀နီးပါး ပျက်စီးဆုံးရှုံးသွားကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေကြောင့် အရပ်သား ၁ယောက် ထိခိုက်သေဆုံးကာ ၁ယောက် ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံထားရသူတွေလည်းရှိတယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၃ရက်​ မနက်ပိုင်းက မြိုင်မြို့ စက်မှု ၂ ကနေ ထွက်ခွာလာတဲ့အင်အား ၃၀၀ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်မြို့နယ် အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုးရင်း ဝက်ပုတ်၊ ဝါးရင်းချိုင်၊ အိုင်းမရွာတွေကိုဖြတ်ကာ ပေါက်မြို့အတွင်း ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

အဲ့လိုစစ်ကြောင်းထိုးနေရင်း လမ်းမှာရှိတဲ့ Myaing Underground Defense Force-MUGDF ရဲ့စခန်းတစ်ခုကို ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့တာလို့ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

မီးရှို့ဖျက်ဆီးခံထားရသည့် Myaing Underground Defense Force ၏ စခန်းကို တွေ့ရစဥ်
မီးရှို့ဖျက်ဆီးခံထားရသည့် Myaing Underground Defense Force ၏ စခန်းကို တွေ့ရစဥ်

” စစ်​ကြောင်းထိုးရင်း တွေ့တော့မီးရှို့သွားတယ်ပေါ့။ အညာမြေတပ်ပေါင်းစုရဲ့ မဟာမိတ်အဖွဲ့ရဲ့ စခန်းပါ။ ရဲဘော်တွေက ရှေ့တန်းမှာ ဦးတည်နေချိန် နောက်ကနေ သတင်းပေါက်သွားတယ်ပေါ့။ ” လို့အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် Myaing Underground Defense Force-MUGDF ရဲ့စခန်းအတွင်း ​ငွေကျပ် သိန်း(၄၅၀)နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

စစ်ကြောင်းဝင်လာစဥ် ထွက်ပြေးတဲ့ အသက် ၇၀ အရွယ် အမျိုးသားကြီး၁ယောက်ဟာ လမ်းခရီးတင် အမောဖောက်သေဆုံးခဲ့သလို အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ယောက်လည်း စစ်​ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် လက်မောင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

ဒါ့အပြင် စစ်ကြောင်းထိုးရာ လမ်းတလျှောက်က စစ်ရှောင်အမျိုးသား ၃ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၄ရက်၊ မနေ့ကမနက်ပိုင်းမှာတော့ ပေါက်မြို့နယ်၊ သနပ်ပင်ဇင်ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ကုက္ကိုလ်စုပျူ​စောထီးရွာကို ဆက်ပြီးဝင်ရောက်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုရဲ့စစ်ကြောင်းကြောင့် မြိုင်မြို့နယ်အနောက်တောင်ပိုင်းနဲ့ ပေါက်မြို့နယ်အစပ် ကျေးရွာ ၁၅ရွာလောက်က အရပ်သား သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

မီးရှို့ဖျက်ဆီးခံထားရသည့် Myaing Underground Defense Force ၏ စခန်းကို တွေ့ရစဥ်
မီးရှို့ဖျက်ဆီးခံထားရသည့် Myaing Underground Defense Force ၏ စခန်းကို တွေ့ရစဥ်
မီးရှို့ဖျက်ဆီးခံထားရသည့် Myaing Underground Defense Force ၏ စခန်းကို တွေ့ရစဥ်
မီးရှို့ဖျက်ဆီးခံထားရသည့် Myaing Underground Defense Force ၏ စခန်းကို တွေ့ရစဥ်
မီးရှို့ဖျက်ဆီးခံထားရသည့် Myaing Underground Defense Force ၏ စခန်းကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ပြည်သူတွေအတွက် ကျိန်စာမဖြစ်စေဖို့ သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း NUG ဝန်ကြီးချုပ် ပြောကြား

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေနဲ့အတူ ပြည်သူတွေကို ဒုက္ခပင်လယ်ထဲ တွန်းပို့နိုင်တဲ့ သယံဇာတကျိန်စာ မဖြစ်ပေါ်စေဖို့အတွက် သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

ရန်ကုန်တွင် စစ်အုပ်စုနှင့် အပေါင်းအပါများ လမ်းပေါ် ထိုးကြိတ်ဖမ်းခေါ်သည်အထိ ပေါ်တာဆွဲမှုများ ဆိုးရွားလာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တွေပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း စစ်မှုထမ်းစျေးကွက်ကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာကြကြောင်း Rangoon Scout Network တာဝန်ရှိသူမှ မောင်းကိုပြောပါတယ်။
Read More

ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်မှာ စစ်ကောင်စီ ဆယ်ဘီးကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြို့သာစက်မှုဇုန်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဆယ်ဘီးကား ၁စီးကို ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီတိုင်းတွင် အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မဖမ်းဆီး စုဆောင်းခံရသည့် စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံအလင်းဝင်

ကရင်အမျိုးသား အစည်းအရုံး KNU၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်က အကြမ်ဖက်စစ်တပ် တပ်သား ၃ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့  KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်​သေးဘဲ အခက်တွေ့နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။
Read More

ပုသိမ် – မုံရွာကားလမ်းမပေါ်မှာ ပြည်သူပိုင်ယာဉ်တွေကို အသုံးပြုပြီး စစ်ကောင်စီက တပ်ပြောင်းရွှေ့နေ

စစ်ကောင်စီက ပုသိမ် - မုံရွာကားလမ်းမပေါ်မှာ သာသနာပိုင်ယာဥ်များ၊ လူနာတင်ယာဥ်များကို အသုံးပြုပြီး တပ်ရွှေ့ပြောင်းတာတွေလုပ်ဆောင်နေတာကြောင့် ပြည်သူတွေ အထူးဂရုပြုသွားလာကြဖို့ AYA PDF အမှတ် (၂၉) ဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။