နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၂၄၀ကျော်နဲ့ ဆေးရုံဆေးခန်းပေါင်း ၃၅၀ကျော်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။

“ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်ကို ဒီနေ့မှာ ထုတ်လွှင့်ခဲ့ရာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ထည့်သွင်းပြောကြားလိုက်တာပါ။ 

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း ပညာရေးနဲ့သက်ဆိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် ကျောင်းသား ကျောင်းသူ ဆရာ ဆရာမ စုစုပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် ကလေး (၈၈) ဦး ပါဝင်ခဲ့တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ကျန်းမာရေး၀န်ထမ်း CDM (၁၃၃) ဦး အသက်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၃၅) ဦး ရှိခဲ့တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေရှိနေပေမယ့် NUG အစိုးရအနေနဲ့ ပညာရေးနဲ့ ကျန်းမာရေး လုပ်ငန်းတွေကိုမြေပြင်မှာ စဉ်ဆက်မပြတ်လုပ်ဆောင်နေတယ်လို့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ အသိပေးပြောကြားပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက မြို့နယ်ပေါင်း ၁၉၀ မှာ ဆေးရုံပေါင်း ၁၀၆ ရုံ ၊ ဆေးခန်းပေါင်း ၈၀၀ ကျော် နဲ့ ရွေ့လျားဆေးခန်းပေါင်း ၂၀၀ ခန့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ် လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆိုပါတယ်။

ဇန်နဝါရီလအတွင်းက ဗုံးကြဲခံရသည့် ကျောက်မဲပြည်သူ့ဆေးရုံ
0 Shares:
You May Also Like
Read More

ရေနံချောင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး အရာရှိ ၁ဦးသေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ People’s Defence Force – Yenangyaung (YNG-PDF) က ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းက ထုတ်ပြန်လာပါတယ်။ 
Read More

ကျောက်ကြီးက စစ်ကောင်စီ ဂိတ်စခန်း ၃ ခုကို KNLA PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးကာ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၆၅) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စေတုတ္တရာမြို့နယ်တွင် လူ့အခွင့်အရေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးနဲ့ လေကြောင်း အန္တရာယ်ကာကွယ်ရေးအကြောင်းအရာ ဟောပြောပွဲတစ်ခုကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။