ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ တောင်ခမ်းဒေသမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က သတင်းဖော်ပြထားပါတယ်။

ဖမ်းမိခဲ့သူတွေထဲက ၁ ယောက်ဟာ တအာင်းတပ်မတော် (TNLA) နဲ့အတူ လက်တွဲတိုက်ပွဲဝင်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ အစ်ကိုအရင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်သုံ့ပန်းနှင့် DPLA ရဲဘော်တို့ ညီအစ်ကိုနှစ်ဦး တွေ့ဆုံစဉ်

DPLA က ဖော်ပြထားတဲ့ ရုပ်သံမှတ်တမ်းမှာ “ပျော်လည်းပျော်တယ် စိတ်လည်းမကောင်းဘူး။ ဒါပေမဲ့ သူအဲဒီလို အသက်ရှင်လျက်တွေ့ရတာ နည်းနည်း တော်သေးတာပေါ့။ မေးဖော်စကားပြောဖော်ရသေးတယ်” လို့ DPLA တပ်ဖွဲ့ဝင်က အစ်ကိုဖြစ်သူနဲ့ ပြန်တွေ့ရတဲ့ ခံစားမှုကို ပြောဆိုထားပါတယ်။

တောင်ခမ်းဒေသမှာ အကြမ်းဖက်စစ်တပ်နဲ့ TNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အခုချိန်အထိ ဆက်လက်ပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

ပုလောမြို့နယ် လက်ပံ့ပြင်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ၊ ဘာသာရေး အဆောက်အအုံတစ်လုံး ပျက်စီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် တရုတ် သွားမည်ဟု ထုတ်ပြန်၊ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်ပွဲကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်ဦးမည်ဟု ဆို

တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။