မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်တိုက်ခိုက်ချိန်က စပြီး ၁လတိတိအကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းကို ပြောပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိတဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“KNLA ဦးဆောင်တဲ့ ကျနော်တို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ မဲပလီဗျူဟာစခန်းကို တစ်လတိတိမှာ အလုံးစုံသိမ်းပိုက်ရရှိပါတယ်” လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDFတာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့

အဆိုပါ စခန်းသိမ်း တိုက်ပွဲမှာ ၁၂၀ မမ တာဝေးပစ် ဟောက်ဝေဇာတစ်လက်အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စကခ (၈) ရဲ့ စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း (၂၇) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“စစ်သုံ့ပန်းတွေကို လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်၊ ဒဏ်ရာရတဲ့ စစ်သုံ့ပန်းအချို့ကိုလည်း ဆေးကုသမှုတွေ ဆောင်ရွက်ပေးပါတယ်” လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။

တိုက်ပွဲ ဖြစ်နေစဉ် မဲပလီဗျူဟာထဲမှာ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး တင့်လွင်ဦးနဲ့ ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး အပါအဝင် စုစုပေါင်းအင်အား (၁၀၀) နီးပါးရှိနေပြီး တိုက်ပွဲအတွင်း ခမရ (၄၀၅) က ဒုရင်းမှူး ဗိုလ်မှူးခန့်နိုင်နဲ့ ဗိုလ်ကြီးဇော်မင်း အပါအဝင် (၄၀) နီးပါး သေဆုံးခဲ့တယ်လို့ သူကဆိုပါတယ်။

ကိုအေးမင်းထွန်းကပဲ ဆက်လက်ပြီး “အခုတော့ စခန်းက ရှင်းလင်းပြီးပါပြီ၊ သူတို့ဘက်က ပြန်ပြီး စစ်ကြောင်းထိုးလာတာတွေ မရှိသေးပါဘူး၊ လေယာဉ်တွေနဲ့ပဲ ဗုံးကြဲတာရှိပါတယ်၊ ထိခိုက်သေဆုံးတွေတော့ မရှိသေးပါဘူး” လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသည့် သုံ့ပန်းများ
ဖမ်းဆီးရမိသည့် သုံ့ပန်းများ

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကြောင့် မဲပလီကျေးရွာအပါအဝင် ဘေးပတ်လည် ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀၀ ခန့် ဘေးလွတ်ရာကို စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မဲပလီဗျူဟာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းတွေထဲက သူရိယစစ်ကြောင်း၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်တွေ အပါအဝင် KNLA၊ PDF၊ BPLA၊ FFD ဒရုန်းအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့တုန်းက ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ်နေမျိုးနဲ့ တပ်သားသန်းစိုးအောင်တို့ဟာ အရက်သေစာသောက်စား မူးယစ်ရမ်းကားပြီး အမျိုးသမီးတစ်ယောက် အပါအဝင် မဲပလီရွာသား (၈) ယောက်ကို အကြောင်းမဲ့ အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲ ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးရဲ့  ရိုက်နှက်မှုကြောင့် မဲပလီရွာသား ကိုစိန်ဝင်း သေဆုံးသွားခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ဒဏ်ရာရ ရွာသား (၇)ယောက်ထဲက ဒဏ်ရာပြင်းထန်သူ (၃) ယောက်ကို အောက်တိုဘာ ၁၅ ရက်မှာ သထုံဆေးရုံ ပို့ဆောင်ဖို့အတွက် ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးက မဲပလီရွာခံ အမျိုးသမီး (၂)ယောက်ကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ အနိုင်ကျင့်စေခိုင်းခဲ့တယ်လို့ သိရပါတယ်။

အခု စခန်းသိမ်းတိုက်ပွဲမှာ အထက်ဖော်ပြပါအတိုင်း ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးဆိုသူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မဲပလီဗျူဟာစခန်းဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တပ်မဟာ-၁ သထုံခရိုင်အတွင်းမှာ စစ်တပ်က ဆယ်စုနှစ် တစ်ခုနီးပါးအကြာ အခိုင်အမာတပ်စွဲထားတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။ စစ်ရေးအရ အချက်အချာကျပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေဆီ လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

မဲပလီစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးငယ်နဲ့ ခဲယမ်းများစွာ ရရှိခဲ့တဲ့အပြင် ၁၂၀မမ တာဝေးပစ် ဟောင်ဝစ်ဇာ လက်နက်ကြီးကိုလည်း အကောင်းအတိုင်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငှက်ကင်မရရင် ငှက်သိုက်ကို ဖြိုပစ်မယ့် FPV ဒရုန်း (သို့မဟုတ်) ခေတ်သစ်စစ်ပွဲတွေရဲ့ အဓိက လက်နက်တစ်ခု

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။
Read More

ပြည်သူအပေါ် ယုတ်မာရက်စက် သတ်ဖြတ်ကာ လူမျိုးရေး အသုံးချ စစ်မီးမွှေးခဲ့သူ (သို့မဟုတ်) AA ဖမ်းမိလိုက်တဲ့ အကြီးစား ရာဇဝတ်သား စစ်သုံ့ပန်း

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ AA က လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းဆိုသူဟာ ရခိုင်ပြည်နယ်မှာ လူမျိုးစုနှစ်ခုအကြား တင်းမာမှုတွေဖြစ်အောင် သွေးခွဲခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးညှင်းပန်းနှိပ်စက်သူအဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

သေနတ်ထောက်ပြီး ဖုတ်ပူမီးတိုက်လုပ်မည့် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲ၊ “ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် NUG က စစ်နိုင်အောင် တိုက်ရမှာပဲ။ သူမလုပ်ရင်တော့ ကြာလာတာနဲ့အမျှ စကစရဲ့ စစ်ရေးနိုင်ငံရေးက အပေါ်ကို ပြန်ရောက်သွားပြီး တော်လှန်ရေးက ခံစစ်ကို ရောက်သွားမယ်”

အဖက်ဖက်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့အတွက် နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့အသည်းအသန် ပြင်ဆင်နေကြပြီး ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့်အကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။
Read More

ပျူစောထီးရွာတွေမှာ အငတ်ဘေးဆိုက်ကြသူများ

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ပြည်သူ့စစ် ကျေးရွာတချို့မှာ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုနဲ့အတူ ဆာလောင်မှုကို တောင့်မခံနိုင်တဲ့ အရပ်သားတွေဟာ တော်လှန်ရေးတပ်တွေရှိရာ နယ်မြေတွေဆီ အားကိုးတကြီးနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြပါတယ်။
Read More

စစ်ကောင်စီ အရှိုက်ထိုးခံနေရတဲ့ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲများ

ချင်းပြည်နယ်ရဲ့ အရေးပါတဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ထန်တလန်၊ ဖလမ်း၊ မင်းတပ် မြို့သိမ်းတိုက်ပွဲ ၃ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်နေတာ လနဲ့ချီကြာမြင့်လာပြီ ဖြစ်ပါတယ်။