KNU တပ်မဟာ (၁) နယ်မြေက စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။

မဲပလီဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ ရက် နေ့လည်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းတွေထဲက သူရိယစစ်ကြောင်း၊၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်တွေ အပါအဝင် KNLA၊ PDF၊ BPLA၊ FFD ဒရုန်းအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၄၀၅ က ဒုတပ်ရင်းမှူး ဗိုလ်မှူး ခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း၊ ဒုတပ်ကြပ် လှမျိုးနိုင်၊ တပ်သား အာကာ၊ တပ်သား ကျော်မြင့်၊ တပ်ကြပ် ကိုသက်၊ ဒုတပ်ကြပ် ကျော်ကျော်၊ တပ်သား သန်းစိုးအောင်၊ တပ်သား စောအယ်ဒိုထူး၊ တပ်သား ဇော်ပိုင်၊ တပ်သား ကျော်မင်းဦး၊ တပ်ကြပ် သန်းမိုး၊ ခွဲတပ်ကြပ်ကြီးလှဌေး၊ တပ်ကြပ်ကြီးကျော်ခိုင် အပါအဝင် စစ်သား ၄၀ ခန့် သေဆုံးပြီး စကခ ၈ ဒုဗိုလ်မှူးကြီး တင့်လွင်ဦး၊ ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး အပါအဝင် အယောက် ၂၀ ခန့်မှာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

စကခ ၈ က စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း ၂၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကာ ထွက်ပြေးလွတ်မြောက်နေတဲ့ မဲပလီဗျူဟာမှူးနဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေက လိုက်လံချေမှုန်းလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝါရစ်ကျေးရွာက စစ်တပ်စခန်းနဲ့ တုံး‌ဗျောစစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နဲ့ မြိတ်မြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad - TNI အဖွဲ့ထံက သိရပါတယ်။
Read More

တအောင်းပြည် တပ်မဟာ ၃ မှာ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူသင်တန်းသား စုစုပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

တအောင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူ သင်တန်းသားပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၉ ရက်က တအောင်းပြည် တပ်မဟာ ၃ မှာ ကျင်းပခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြောင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ အထိုင်ချရာ နေရာများကို Fixed wings ဒရုန်း ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မတ္တရာမြို့နယ်အတွင်း စစ်ရှောင်များ နေထိုင်သည့်နေရာ ဗုံးကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ Voice of Mandalay ထံက သိရပါတယ်။
Read More

SSRY Eagle Force မှာ တာဝန်ထမ်းနေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်များက ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုစကားပြောကြား (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ပြည်‌ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ SSRY Eagle Force မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်တွေက ကြိုဆိုဂုဏ်ပြုစကားတွေ အခုလိုပြောကြားခဲ့ကြပါတယ်။
Read More

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။