စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်မှာ အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်ပစ်ခတ်မှုတွေကြောင့် ချင်းပြည်သူလူထု စုစုပေါင်း ၉၆၅ ယောက်သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အရပ်သား ၄၉၁ ယောက်၊ တော်လှန်ရေးတပ်ဖွဲ့၀င် ၄၇၄ ယောက် ပါ၀င်တယ်လို့ ဆိုပါတယ်။

ကျဆုံးခဲ့တဲ့ ချင်းတော်လှန်ရေးရဲဘော်တွေထဲမှာအမျိုးသမီး ၉ ယောက်ပါဝင်ပြီး အမျိုးသားရဲဘော်ကတော့ ၄၆၅ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

၄ နှစ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းကနေ ဗုံး ၁၀၆၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အဆောက်အဦး ၁၂၈၀ ကျော်၊ အစိုးရအဆောက်အဦး ၃၈ လုံးကျော်နဲ့ သာဘာရေးအဆောက်အဦး ၃၉ လုံးကျော် ပျက်စီးခဲ့ရတဲ့အပြင် ၂၄၉ ယောက် သေဆုံးခဲ့ကာ ၄၂၄ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ၄ နှစ်အတွင်း လူနေအိမ် အဆောက်အဦး ၃၄၇၉ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး  စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့်လည်း သေဆုံးသူ ၇၇ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ICA)

“မြို့တွေကို တာ်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းသိမ်းထားနိုင်ပြီဆိုပေမယ့်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ကိုယ့်ဒေသကို ပြန်လည်အခြေချဖို့ အခက်တွေ့နေရပါသေးတယ်” လို့ ICA သတင်းနှင့် ပြန်ကြားရေး ဆလိုင်းဗန်ဆွီးဆန် က မောင်းကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ထွက်ပြေးနေရသူ အရေအတွက်ဟာ အိန္ဒိယနိုင်ငံမှာ ၆ သောင်းခွဲကျော်နဲ့ ချင်းပြည်နယ်အတွင်းမှာ ၁ သိန်း ၃ သောင်းလောက် ရှိနေတယ်လို့ ဆိုထားပါတယ်။

ICA သတင်းနှင့် ပြန်ကြားရေး ဆလိုင်းဗန်ဆွီးဆန် ကပဲ ဆက်လက်ပြီး “ဒီဒေတာအချက်လက်တွေကို ကြည့်ခြင်းအားဖြင့် စစ်ကောက်စီရဲ့ လုပ်ရပ်ကို ထင်ထင်ရှားရှားတွေ့ရပါတယ်၊ ဒီအပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနှင့် ထိရောက်တဲ့ လုပ်ဆောင်ချက် တစ်ခုခုကို လုပ်ဖို့အတွက် တိုက်တွန်းချင်ပါတယ်၊ ပြီးတော့ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ခံယူချက်နှင့် ဖြစ်ပြီးသား ဒေတာတွေကို ကြည့်ပြီး ခံယူချက်အပေါ် မားမားမတ်မတ်ရပ်တည်ကြဖို့ ပြောချင်ပါတယ်” လို့ဆိုပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တစ်နေရာရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေစဥ် (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ) (ဓာတ်ပုံ ICA)

ချင်းပြည်နယ်မှာ မြို့ပေါင်း ၂၀ ရှိတဲ့အထဲက ရိဒ်ခေါဒါရ်၊ ရေဇွာ၊ ဝေဘူလ၊ နှာဟရိန်၊ ဆူရ်ခွား၊ ပလက်ဝ၊ ဆမီး၊ ကျင်ဒွေး၊ ကျီခါး၊ တွန်းဇံ၊ မတူပီ၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်း ချုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငှက်ကင်မရရင် ငှက်သိုက်ကို ဖြိုပစ်မယ့် FPV ဒရုန်း (သို့မဟုတ်) ခေတ်သစ်စစ်ပွဲတွေရဲ့ အဓိက လက်နက်တစ်ခု

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။
Read More

ထိုင်းက ပြန်ပို့လိုက်တဲ့ ‘စစ်ကောင်စီငရဲခန်းမှသည် ဒေါနတောင်ပေါ်ဆီ’

ဘေးပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိ ဖုံးလွှမ်းနေပြီး ဆောင်းညလယ်ကြီးမှာ အသက် (၂၆) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ယောက်ဟာ ချမ်းအေးလှတဲ့ ဆောင်းတွင်းကို မေ့သွားရလောက်အောင် ဇောချွေးတွေ ပြန်နေပါတယ်။
Read More

Simple စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲလှည့်ကွက်ထဲ မကျရောက်မိပါစေနဲ့Blog

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်တက်နေချိန်မှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မထောက်ခံသင့်ပါဘူး။
Read More

ပြည်သူလူထုကို ဒုက္ခပေးလာသည့် ဝေဟင်မှ စစ်မိစ္ဆာများ

၂၀၂၅ ခုနှစ်အတွင်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတွေအတွက် သတိထားစရာ ရန်သူတစ်ဦး တိုးပွားလာပါတယ်။
Read More

နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 
Read More

ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း အပိုင်စားပေးပြီး အပြန်အလှန်အနေနဲ့ မြန်မာပြည်မှာ နျူကလီးယားစက်ရုံ တည်ဆောက်မယ့် စစ်ကောင်စီ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တဲ့ ရုရှားခရီးစဉ်မှာ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး အပြန်အလှန်အဖြစ် ရုရှားတို့ရဲ့နည်းပညာ အကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လားသုံးသပ်သူတွေက ဆိုပါတယ်။