မကွေးတိုင်း၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး လေယာဥ်ပစ်ကူပေးခဲ့ရကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၃ရက်၊ မနေ့က မနက်အစောပိုင်းမှာ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ရော မြေပြင်ကနေပါ စီးနင်းပစ်ခတ်တိုက်ခိုက်ရာ စစ်​အုပ်စုတွေ အထိနာခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲကြာချိန် ၂နာရီအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီက လေကြောင်းပစ်ကူ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာအပြင် စလင်း၊ ကံပြားရဲစခန်းကနေလည်းစစ်ကူတွေ ထပ်မံရောက်ရှိလာခဲ့တယ်လို့ ကိုထူးလေးက ပြောပါတယ်။

တော်လှန်ရေးတပ်များ လင်းဇင်းရဲစခန်းကို တိုက်ခိုက်နေစဥ်

“စခန်းထဲ အင်အားက ၄၀ ဝန်းကျင်ရှိတာ၊ လူနေအိမ်တွေကို အကာအကွယ်ယူပြီး ပစ်တာရော ဘန်ကာထဲကနေပါ မဆုတ်တမ်းခံစစ်နဲ့ ခုခံကြတယ်ပေါ့။ အဲ့မှာ ကျနော်တို့ စခန်းရလုဆဲဆဲ ဘန်ကာတွေဖြိုမယ့်အချိန်မှာ လေကြောင်းကနေ ၃ကြိမ်ဗုံးလာကြဲတယ်။ ၆လုံးမှာ ၅လုံးအောင်တယ်ပေါ့။ ကံပြားဘက်ကလည်း စစ်ကူတွေ ထပ်လာတယ်။ သူတို့ဘက်က အထိအခိုက်များလို့ အခုလိုပစ်ကူပေးတယ်လို့ ပြောရမယ်။ အတိအကျတော့မသိရသေးပါဘူး” လို့ ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောပါတယ်။

လင်းဇင်းတိုက်နယ်ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာဒေါင်းစစ်အောင်(LPDF)နဲ့အတူ မင်းဘူးခရိုင် တပ်ရင်း(၁)၊ မင်းဘူးခရိုင် တပ်ရင်း(၅)၊ စလင်းမြို့နယ် ပကဖ၊ မင်းဘူးခရိုင်လက်ရုံးအဖွဲ့၊ SLN (LPDF)၊ ဒေါင်းညီနောင်အဖွဲ့၊ ဗမာ့တပ်တော်နဲ့ မကွေးတိုင်း ဒရုန်းအဖွဲ့တို့ ပါဝင်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုတွေက တိုက်ခိုက်ခံခဲ့ရတဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းအတွင်း စစ်အင်အား ထပ်မံဖြည့်တင်းထားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်မြို့နယ်မှာ စစ်ရှောင်များနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်သူမိသားစုကို ကူညီထောက်ပံ့

ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။
Read More

ပခုက္ကူတွင် ရိက္ခာရှာထွက်သည့် စစ်အုပ်စုများကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦးအရှင်ဖမ်းဆီးခံရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။