မြန်မာ့အရေးကို ဝင်ရောက်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို လုံး၀လက်မခံဘူးလို့ သောင်းရင်းဆွေးနွေးပွဲကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့  ဇန်နဝါရီလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ သောင်းရင်းဆွေးနွေးပွဲကတဆင့် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်တာပါ။

နွေဦးတော်လှန်ရေးနဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအတွက် သောင်းရင်းဆွေးနွေးပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပြီး အချက် ၁၀ ချက်ပါတဲ့ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲအတွင်း နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ CDM အင်အားစုတွေ၊ သမဂ္ဂအဖွဲ့ ဝင်တွေ၊ သပိတ်အဖွဲ့ဝင်တွေ၊ မြေပြင်ခုခံတော်လှန်ရေး အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ အဓိကပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ RFA)

ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေဟာ စစ်ကောင်စီကို သက်ဆိုးရှည်စေဖို့ လုပ်ဆောင်နေတဲ့ကိစ္စဖြစ်လို့ လက်မခံဘူးလို့ သောင်ရင်းဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေက ဆိုပါတယ်။

မြန်မာ့အရေးဟာ မြန်မာပြည်တွင်းရေးဖြစ်တယ်လို့ တရုတ်အစိုးရက ကနဦးပြောကြားမှုတွေရှိခဲ့ပြီး  နောက်ပိုင်းမှာ တရုတ်ဟာ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ဖိအားပေးတာ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ မပတ်သက်ဖို့ ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်လာနေပါတယ်။

တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးနေပြီး တရားမဝင်တဲ့ ရွေးကောက်ပွဲနဲ့ အခြားသောကိစ္စရပ်တွေမှာ ပေါ်ပေါ်ထင်ထင် အားပေးကူညီထောက်ခံလျက် ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ အာဇာနည်နေ့ကို မမေ့လျော့စေရန် စလင်း(ပကဖ) ရဲဘော်များ နှင်းဆီပန်းများ ကမ်းဝေကာ နှိုးဆော် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူတွေကို ဇူလိုင်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် (၇၈) ကြိမ်မြောက် "အာဇာနည်နေ့" ကို မမေ့‌လျော့နေစေဖို့ စလင်း(ပကဖ) ရဲဘော်တွေ နှင်းဆီပန်းများ ကမ်းပေးကာ သတိပေးနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်များမှ TNLA ပြန်လည်ဆုတ်ခွာရေး သဘောတူညီမှုမရခဲ့ဘဲ ကူမင်းတွေ့ဆုံပွဲ ပြီးဆုံး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တရုတ်အစိုးရ ကြားဝင်စီစဉ်မှုနဲ့ ပြုလုပ်တဲ့ ကူမင်းတွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

ပွင့်ဖြူမှာ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အညာညီနောင်တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သာကေတမြို့က စားသောက်ဆိုင်တစ်ခုမှာ ဂတ်စ်အိုးပေါက်ကွဲပြီး မီးလောင်ရာက ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိ…

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက် ၊ ယမုံနာလမ်းက ပိတောက်ရိပ်စားသောက်ဆိုင်မှာ ဂတ်စ်အိုးပေါက်ကွဲတာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်အတွင်းက အမျိုးသား ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ သာကေတမြို့မှာ နေထိုင်သူတွေဆီက သိရပါတယ်။