တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်နဲ့ ပြုလုပ်တဲ့ အဲဒီလှုပ်ရှားမှုကို ပြည်သူထောင်ချီ ပူးပေါင်းပါဝင်ခဲ့ပြီး ခြောက်မိုင်ကျော် လမ်းလျှောက်ချီတက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူလူထု အားနဲ့အင်နဲ့ ပူးပေါင်းပါဝင်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုဟာ စစ်အာဏာသိမ်းတာ လေးနှစ်အထိ ရှိလာပေမယ့် စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်လိုစိတ်က လုံးလုံး မလျော့သွားဘဲ အခက်အခဲ အကျပ်အတည်းပေါင်းစုံကြားကနေ ပြည်သူတစ်ရပ်လုံး လက်တွဲညီညီနဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်သွားမယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတယ်လို့ DDMSC က ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုအတွင်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီရဲ့ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့တဲ့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာတွေရွတ်ဖတ်တာ၊ ပြည်သူလူထုကို တော်လှန်ရေးသတင်းစကားပါးတဲ့ မိန့်ခွန်းတွေပြောတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွာရေး စတဲ့ ဘက်ပေါင်းစုံ နိမ့်ကျခဲ့ရပြီး ပြည်သူလူထုအနေနဲ့ အထွေထွေအကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရတဲ့အပြင် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် လေးနှစ်တာကလအတွင်း အပြစ်မဲ့ပြည်သူ ခြောက်ထောင်ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သလို ဆက်ပြီးတော့လည်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်နေဆဲဖြစ်တယ်လို့ DDMSC က ဆိုပါတယ်။
ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရေးနဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေဖြစ်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းတဲ့အထိ ဆက်လက်ချီတက် တော်လှန်တိုက်ပွဲဝင်သွားရမယ်လို့ DDMSC က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ၊ ၅ နှစ်အရွယ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ သစ်ဆိမ့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဆီးမီးခုံမြို့မှာ စျေးထွက်ဝယ်တဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆီးမီးခုံမြို့ထဲ စျေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးခဲ့ကြောင်း ရွှေဂျိုးဖြူ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းအတွင်း လုံခြုံရေးအရ တားမြစ်စစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးသည့် ကားတစ်စီးကို ဖမ်းဆီးခဲ့ကြောင်း USBA ပြော

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တာဝန်အရတားဆီးစစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ချိန် ဖမ်းဆီးခဲ့ပြီး ယာဥ်မောင်းသူကို မေးမြန်းစစ်ဆေးနေတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ခံ ကိုဗဟိန်းက​ မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့နယ်တွင် CDM ဝန်ထမ်း အယောက် ၄၀ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ စစ်ဆင်ရေးမှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် (KNA) က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတချို့မှာ စစ်ဆင်ရေးပြုလုပ်နေခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။