ရန်ကုန်မြို့တစ်နေရာမှာ “We Are Still Under the Military’s Boots”စာတမ်းချိတ်ဆွဲပြီး အကြမ်း ဖက်စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force – YRF ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ပြည်သူတွေကို အမှတ်ရစေဖို့ “We Are Still Under the Military’s Boots” “ကျွန်ုပ်တို့သည် တပ်မတော်၏ စစ်ဖိနပ်အောက်တွင် ရှိနေဆဲ”ဖြစ် တယ်လို့ အသိပေးလိုက်ပါတယ်။

လက်ရှိအကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတစ်ဝန်း အမျိုးသား၊ အမျိုးသမီးတွေကို အတင်းအဓမ္မ စစ် ကျွန်ပြုဖို့အတွက် လုပ်ဆောင်လျက်ရှိပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်မှာ ယခုလို စနစ်ဆိုးရဲ့ ဒဏ်ကို နောက်ထပ်မျိုးဆက်တွေ မကြုံတွေ့ရမှာဖြစ်တယ်လို့ အသိပေးထားကာ လူထုအားနဲ့ အမြစ်ပါမကျန် ဆွဲနှုတ်တွန်းလှန်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

၅ ကြိမ်တိုင် တိုက်ခိုက်ခဲ့ရတဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာကြတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆို (ရုပ်/သံ)

ကသုံးလုံးခရိုင် အထူးစစ်ဆင်‌ရေးမှူးရဲ့ လမ်းညွှတ်မှုနဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို ရွတ်ရွတ် ချွန်ချွန်အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

၁၉၈၈ ခုနှစ်မှ ယနေ့တိုင် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့သူများနှင့် ဆက်လက်လှုပ်ရှားနေသူများကို လေးစားဦးညွှတ်ဂုဏ်ပြုကြောင်း ကိုထိန်လင်း ပြောကြား (ရုပ်/သံ)

၁၉၈၈ ခုနှစ်မှာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြသူတွေနဲ့ ယနေ့တိုင် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သူတွေ၊ ဆက်လက်လှုပ်ရှားနေသူတွေကို လေးစားဦးညွှတ်ဂုဏ်ပြုပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲ့ စခန်းတွင်း ပြုပြင်ရေးလုပ်ငန်းခွင် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စခန်းတွင်း လက်နက်ငယ်ပြုပြင်ရေး၊ ဒရုန်းပြုပြင်‌ရေးနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပြုပြင်ရေး လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် SSNDF / KNDF B-102 ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်နေတဲ့ SSNDF / KNDF B-102 ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။