အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာတယ်လို့ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်က ၄ နှစ်အတွင်း အရပ်သားပြည်သူ အနည်းဆုံး ၆၂၃၁ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၁၁၄၄ ယောက်နဲ့ ကလေးငယ် ၇၀၉ ယောက် ပါဝင်သလို ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာပဲ လူပေါင်း ၁၈၂၄ ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး ၅၁၃ ယောက်နဲ့ ကလေးငယ် ၂၄၈ ယောက် ပါဝင်တယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်မှာ ပဋိပက္ခအခြေအနေ အပေါ် လေ့လာဆန်းစစ်မှုအရ မြန်မာစစ်တပ်က နိုင်ငံအတွင်း အာဏာထိန်းချုပ်မှု ယိမ်းယိုင်လာတာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ဒေသတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူငယ်ထောင်ပေါင်းများစွာကို စစ်မှုထမ်းဖို့ အတင်းအကျပ် စေခိုင်းခဲ့ကာ တရားလက်လွတ်ဖမ်းဆီးမှုတွေနဲ့ တရားစွဲဆိုမှုတွေအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခွင့်ကိုလည်း ငြင်းပယ်ခဲ့တယ်လို့ ကုလက ဆိုပါတယ်။
လက်ရှိမှာ မြန်မာစစ်တပ်က ကျူးလွန်သူများကို အပြစ်ပေးအရေးယူတာမရှိဘဲ ခေါင်းဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ သေဒဏ်စီရင် ကွပ်မျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ အပါအဝင် အလွန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို အရပ်သားတွေ အပေါ် ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုအချို့နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးအကြီးအကဲ Volker Turk
ဓာတ်ပုံ – KNU
0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးအပါ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ‌နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF အမှတ်-၂ စစ်ကြောင်း၏ အမှတ်စဉ် ၁/၂၀၂၅၊ အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မြန်မာပြည်မြောက်ပိုင်း) ABSDF ကျောင်းသားတပ်မတော် အမှတ် -၂ စစ်ကြောင်းက အမှတ်စဉ် ၁/၂၀၂၅ ၊ အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်က အမှတ်-၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ ဒရုန်းနှင့် ပစ်ခတ်တိုက်ခိုက်၊ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးပေမယ့် လူ ထိခိုက်မှုမရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ နေအိမ်အနီး စစ်ကောင်စီက ကာမီကာဇေ(အသေခံ) ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ ယနေ့ မြန်မာပြည်လာမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ်အကူအညီပေးရေး ညှိနှိုင်းရေးမှူး Tom Fletcher ဟာ မြန်မာနိုင်ငံကို ဧပြီလ ၄ ရက် သောကြာနေ့မှာ ရောက်ရှိမယ်လို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။