နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ “Hope & Resilience” လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဓါတ်ပုံပြပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးခွန်းဗဟန်းထန်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အဲ့ဒီပွဲမှာ တော်လှန်ဓါတ်ပုံပညာရှင်နှစ်ယောက်ဖြစ်တဲ့ Ta Mwe နဲ့ Min Htet San တို့ရဲ့ နွေဦးတော်လှန်ရေး ဖြစ်ရပ်မှန်တွေကို ရိုက်ကူးထားပြသထားတဲ့ ဓါတ်ပုံလက်ရာတွေ ပြသထားပြီးး Spring Project Melbourne က စီစဥ်ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ရေးလှုပ်ရှားနေသည့် ပဲခူးခရိုင် PDF အမှတ် ၂ တပ်ရင်း ရဲဘော်များ…

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ၊ တပ်ခွဲ ( ၂ ) က ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာတွင် ပြည်သူ့စစ်ဖွဲ့သည့် စစ်တပ်ဒေါက်တိုင်များအား ပကဖ ရှင်းလင်းနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကမြို့နဲ့ အနီးဆုံး ကျေးရွာတွေမှာ စစ်ကောင်စီအလိုကျ ပြည်သူ့စစ် ဖွဲ့စည်းပေးနေသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မြို့နယ်ပကဖက  လိုက်လံ သုတ်သင် ရှင်းလင်းနေတာကြောင့် စစ်တပ်ယန္တရားအောက်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ အခင်းဖြစ်ပွားချိန်က အရပ်သားအစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်…

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း အရှိန်ဟုန်မြှင့် စစ်ဆင်ရေးများကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ဦး သေဆုံးပြီး စခန်းနှင့်လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနခွဲရဲ့ ကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ကြတာကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ယောက် သေဆုံးပြီး စခန်းနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
Read More

အောင်လံတွင် မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ စစ်မှုထမ်းကြေး တိုးမြှင့်ကောက်ခံရင်း လူငယ်များအား အတင်းအကြပ် စစ်မှုထမ်းစုဆောင်းနေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးဆိုသူက ကျေးရွာအတွင်း ယောက်ျားသားရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းကြေး တိုးကောက်တာတွေ၊ လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ အောင်လံမြို့နယ်တွင်း သတင်းတွေဖော်ပြနေတဲ့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန်ချနဘူရီမှာ ရဲလိုက်ဖမ်းလို့ တရားမဝင် ရွှေ့ပြောင်းမြန်မာ ၂၈ ဦး၏ကား တိမ်းမှောက်၊ ထိခိုက်သေဆုံးသူမရှိဘဲ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ သောင်ဖာဖုမ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ယောက်ကို တင်ဆောင်လာတဲ့ မှောင်ခိုသမား မောင်းနှင်တဲ့ ကားတစီး ရဲလိုက်လို့ ထွက်ပြေးရင်း လမ်းဘေးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။