မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းရဲ့ လူမှုကွန်ရက် စာမျက်နှာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်မှာ Facebook က ပိတ်သိမ်းလိုက်တာကြောင့် Page အသစ်ကို ဖွင့်လှစ်လိုက်တယ်လို့ အဆိုပါတပ်ရင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Page အသစ်ကနေ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဆက်သွယ် စုံစမ်းချင်ရင်လည်း အခု Page မှာ ယုံကြည်စွာ ဆက်သွယ်စုံစမ်းနိုင်သလို တပ်ရင်းရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အဆိုပါ Facebook စာမျက်နှာကနေ ပြည်သူတွေကို မျှဝေသွားမယ်လို့ ဆိုထားပါတယ်။
ပုံစာ – မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်များ
ပြီခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာလည်း တောင်သာမြို့နယ်က စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူ လူငယ်တစ်ယောက်ကို ပေါ်တာဆွဲဖမ်းဆီးသွားတာကို ကြားသိရတာကြောင့် မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းကနေ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူတွေပါ ရှိခဲ့ပေမယ့် ထိခိုက်သေဆုံးမှု ​များပြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၁ ယောက် ကိုလည်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ကယ်ထုတ်ပေးနိုင်ခဲ့ပါသေးတယ်။
ပြည်သူတွေအနေနဲ့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို သိရှိစေဖို့ သူတို့ရဲ့ လူမှုကွန်ရက် Page အသစ်ကို ဖော်ပြပေးလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင် ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ တပ်ကြပ်ကြီးအပါ ၃ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မှာ စစ်တပ် ထောင်ထားသည့် မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းပြီးဖြစ်၊ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသေး…

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် ၂၃၉ မိုင်ရှိ စစ်အုပ်စု၏ “လေးက”ဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေ၊ ဗိုလ် ၁ ဦး ဆေးရုံတင်ထားရ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

တောင်ကုတ်မြို့ပေါ်အထိ AA သိမ်းပိုက်ထိန်းချုပ်ရောက်ရှိလာ ၊ လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေ

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်အထိ AA က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးနေကြောင်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

စလင်းမြို့ပေါ် တရားမဝင် ရွေးကောက်ပွဲအတွက် သရုပ်ပြနေချိန် အသံမိုင်း ဖောက်ခွဲ သတိပေးခဲ့

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ တရားမဝင် (အတုအယောင်) ရွေးကောက်ပွဲအတွက် သရုပ်ပြပွဲပြုလုပ်နေချိန် အသံမိုင်းတစ်လုံး ဖောက်ခွဲ သတိပေးခဲ့တယ်လို့ စလင်းမြို့နယ်မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ ပြည်သူ အယောက် ၃၀ ကျော် သေဆုံးကာ အယောက် ၇၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။