ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်က ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) ပ ထုတ်ပြန်ထားပါတယ်။
အခမ်းအနားမှာ သဘာပတိ ဗိုလ်မှူးကြီး စောနယ်ဒါထူးက အဖွင့်မိန့်ခွန်းစကားပြောကြားခဲ့ပြီး တပ်ဖက်ခေါင်းဆောင်တွေ၊ ကရင်လွတ် မြောက်ရေးတပ်မတော် (ဗဟို) စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ(၆) ဗျူဟာမူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ တပ်ရင်း(၂၇) တပ်ရင်းမှူး ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော၊ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ စစ်သားတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောက ရှေ့တန်းစစ်မြေပြင်မှာ မကြောက်မရွံ့ပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ့်၊ ဖျက်စီးနိုင်ခဲ့တာကြောင့် ရဲစွမ်းသတ္တိအပြည့်နဲ့ ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီတဲ့ ဗိုလ်မှူးတစ်ယောက်အဖြစ် သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်၊ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

BNRA ရဲဘော် ဗျတ္တ မိုင်းနင်းမိပြီး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ် ထောင်ထားတဲ့မိုင်းကို နင်းမိပြီး BNRA တပ်ဖွဲ့ဝင် ရဲဘော် ဗျတ္တ ကျဆုံးခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံက သိရပါတယ်။
Read More

ရေတာရှည်မှာ စစ်ကောင်စီက ကျေးရွာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ယောက် ဒဏ်ရာရ၊ ထန်းတစ်ပင်မှာ စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူ (၁)ယောက်ကို အကြောင်းမဲ့ ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ထန်းတစ်ပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် ဒဏ်ရာရပြီး ထန်းတစ်ပင်မြို့နယ်မှာတော့ စစ်ရှောင်ပြည်သူ ၁ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ စစ်ဆင်ရေးမှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် (KNA) က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတချို့မှာ စစ်ဆင်ရေးပြုလုပ်နေခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။