ရန်ကုန်မြို့လယ်‌ခေါင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးတင်းကြပ်မှု အထပ်ထပ်ကြားက စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်နေ့အနေနဲ့ ‘ All Power To The People (အာဏာအားလုံး လူထုဆီသို့) ‘ ဆိုတဲ့ ဘန်နာကို တော်လှန်လူငယ်တွေ ချိတ်ဆွဲခဲ့တယ်လို့ General Strike Committee – GSC က ထုတ်ပြန်ထားပါတယ်။
“ဖက်ဆစ်တပ်ရဲ့ လူထုအပေါ် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အထွေထွေအကြပ်အတည်းများ ၊ အမျိုးသား/အမျိုးသမီးလူငယ်များပါမကျန် မတရားစစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးမှုများကြား ပူပန်သောကများနေရတဲ့ လူထုထံ တသားတည်းရှိကြောင်း၊ လူထုကြီး၏ အာဏာအလုံးစုံသည် လူထုလက်ထဲသို့ ဧကန်ရောက်ရှိရမည်သာဖြစ်ပြီး ၊ ကြပ်တည်းပိတ်မိနေကာ ထွက်ပေါက်ရှာလာနေတဲ့ ဖက်ဆစ်တပ်ကို လူထုတရပ်လုံးအားဖြင့် ပိတ်ဆို့တိုက်ဖျက်အောင်ပွဲအရယူကြမည်ဖြစ်ကြောင်း သတင်းစကားပါးအပ်ရခြင်း ဖြစ်ပါတယ်” ဆိုတဲ့ စာသားနဲ့အတူ General Strike Committee က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တပ်မတော်နေ့ နှစ်(၈၀) ပြည့်အခမ်းအနားကို တက်ရောက်ရန် ရုရှားနဲ့ ဘီလာရုစ်က ကာကွယ်ရေးဝန်ကြီးတွေ နေပြည်တော်ကိုရောက်ရှိနေ

အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဒီမနက်မှာ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ကလေး(၂) ယောက် အပါ (၃) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂) ယောက် အပါအဝင် (၃) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာ တာဝန်ကျနေသည့် စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှာ တာဝန်ကျနေတဲ့ ခမရ(၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၆ တပ်ရင်း - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံ၊ လအိကျေးရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်က ကျေးရွာဖြစ်တဲ့ လအိကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။