ကရင်ပြည်နယ် ကော့ကရိတ်မြို့ကနေ မြဝတီမြို့ဆီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင် ဇေယျစစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ Justice Soldier PDF က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ Justice Soldier PDF မှာ အထူးတပ်ဖွဲ့ အင်အား ၃၀၀ အတွက် ကျည်ကာဦးထုပ်၊ ကျည်ကာ၊ ကျည်ပြားတွေ တပ်ဆင်နိုင်ဖို့ ‘အမေ့အိမ်သို့ အပြန်လမ်း’ ပရောဂျက်ပြုလုပ်ထားပြီး လူဦရေး ၆၀ စာ ရရှိထားပြီလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်ပေးနိုင်ဖို့ ‘အမေ့အိမ်သို့ အပြန်လမ်း’ ပရော့ဂျက်မှာ ပါဝင်ပေးကြဖို့ Justice Soldier PDF က မေတ္တာရပ်ခံထားပါတယ်။

အသေးစိတ်သိရှိလိုတဲ့ အချက်အလက်တွေကို Justice Soldier PDF Official Facebook Page မှာ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဖရူဆိုမြို့တွင်းရှိ တပ်စခန်းတွေနဲ့ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင် (ရုပ်/သံ)

ကရင်နီပြည်နယ် ဖရူဆိုမြို့တွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်တပ်တွေနဲ့ အမှတ် (၁၄) တန်းမြင့် စစ် လေ့ကျင့်ရေးကျောင်းသို့ လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ခဲ့တယ်လို့ Karenni Nationalities Defence Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး မြို့ကို ထိန်းချုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်ပြီးတဲ့နောက် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

”ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်”

''ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်" ‘ရွေးကောက်ပွဲအတု လုပ်လည်း တော်လှန်ရေးက ဆက်ချမယ်’ ''သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးနဲ့''
Read More

ရွာငံ-အောင်ပန်းလမ်းပိုင်းမှာ DSNDA ရဲဘော်များ စစ်ဆေးရေးလုပ်နေချိန် ထွက်ပြေးသည့် စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေး လမ်းခွဲတစ်နေရာမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်ပိုင်း DSNDA ရဲဘော်တွေ စစ်ဆေးရေးလုပ်ဆောင်နေချိန် ယာဉ် ၁ စီးကို မသင်္ကာတဲ့အတွက် ကားပေါ်က ဆင်းခိုင်းရာ ပြန်လည်ဆုတ်ခွာထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။