ကရင်နီပြည်နယ်တဝန်းမှာ စစ်ကောင်စီက  ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု (၁၀၈) ခု ထက်မနည်း ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၅ ခု၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၄၆ ခု၊ ဒရုန်း နဲ့ ဗုံးသီးချတိုက်ခိုက်မှု ၁၁ ခု၊ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးရမှု ၂၆ ခု၊  လူအခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၈ ခုကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Interim Executive Council of Karenni State)

ကရင်နီပြည်မှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကျူးလွန်တဲ့ အမှုတွေထဲမှာ လူ့အခွင့်အရေးချိုးဖေါက်မှုက အများဆုံးဖြစ်ကိုယ်ဝန်ဆောင်မိခင်ပါမချန် သတ်ဖြတ်ခဲ့တယ်လို့ IEC ကဆိုပါတယ်။

စစ်ရာဇဝတ်မှုတွေကြောင့် အမျိုးသမီး၊ကလေး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများ၏ ရုပ်ပိုင်း၊စိတ်ပိုင်း ဆိုင်ရာသက်ရောက်မှုပြင်းထန်ခဲ့ကြောင်း ဆိုထားပါတယ်။

တိုက်ခိုက်ခံရမှုတွေကြောင့် တစ်နှစ်အတွင်း အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၄၈ ဦး၊ အသက်မပြည့်သေးတဲ့ကလေးငယ် ကျား ၁၈ ဦး၊ မ ၂၁ ဦး၊ အမည်မသိ ၃ ဦး၊ စုစုပေါင်း ၁၀၆ ဦးသေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ ၄၅၀ ထိရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် စစ်ကောင်စီဟာ စာသင်ကျောင်းနဲ့ စစ်ရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Interim Executive Council of Karenni State)
0 Shares:
You May Also Like
Read More

အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်းမြိုသိမ်းတိုက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပကဖ ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပ၊ အမ်း တိုက်ပွဲများအတွင်း စစ်ကိုင်း ပကဖမှ ရဲဘော် ၁၅ ဦး ကျဆုံးခဲ့

အာရက္ခတပ်တော်(AA) နဲ့အတူ ရခိုင်ပြည်နယ် အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်း မြို့သိမ်းတိုက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ CDF-Mindat တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူများ လှိုက်လှိုက်လှဲလှဲ ကြိုဆို (ဓတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF- Mindat တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ပေါင်း ၁၇ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်‌နေ့မှာ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး၊ ကျေးရွာ ၁၀ ရွာနီးပါး တိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာနီးပါးက ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ သရက်​ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၂ က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။