စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်ဖို့ တစ်ရက်သာ လိုတော့တဲ့ အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို အရေးပေါ်ကာလ ၆လ သက်တမ်း ထပ်တိုးလိုက်တယ်လို့  သိရပါတယ်။

အရေးပေါ်ကာလ ၆လ သက်တမ်းတိုးကြောင်း ဒီနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းမှာ ပြုလုပ်တဲ့ မင်းအောင်လှိုင် လက်အောက်ခံ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။ မင်းအောင်လှိုင်ကတော့ အရေးပေါ်ကာလ သက်တမ်းတိုးဖို့ ရွေးကောက်ပွဲကို အကြောင်းပြ ပြောဆိုခဲ့ပါတယ်။

“အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်နဲ့ ကျင်းပနိုင်မယ့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေဖို့အတွက် တည်ငြိမ်အေးချမ်းမှုလိုအပ်နေသေးတာရယ်၊ လုပ်ဆောင်ဖို့လိုအပ်ချက်တွေကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ဖို့ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံပြီး ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ဖို့ တင်ပြပါတယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသွားပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၈ ကြိမ်မြောက် အရေးပေါ်ကာလ သက်တမ်းတိုးတာဖြစ်ပြီး ထိပ်ပိုင်းဝန်ကြီးတချို့နဲ့ ခေါင်းဆောင်တချို့ကိုလည်း အပြောင်းအလဲတွေ ပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ယာယီသမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) က ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်က ရွှေကျင်မြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ခင်ရီနှင့် မင်းအုပ်စိုး၊ နေဒွေး၊ ငြိမ်းချမ်း၊ တို့အပါအဝင် အနုပညာရှင်အချို့ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ USDP ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ခင်ရီနဲ့ ပါတီ အမှုဆောင်တွေဟာ မင်းအုပ်စိုး၊ နေဒွေး၊ ငြိမ်းချမ်းတို့ အပါအဝင် အဆိုတော်၊ ဟာသသရုပ်ဆောင်အချို့တို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ USDP က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

AA ၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် တပ်မမှုး ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် စကခ ၁၀ တပ်မမှုးဖြစ်သူ ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
Read More

ထန်းတပင်မှာ အများပြည်သူ အိပ်မောကျနေချိန် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။