စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ် (၁၉)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ (၂၉)ရက် မနက်ပိုင်းမှာ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ ပျူစောထီးစခန်းက ထွက်လာတဲ့ စစ်သားနဲ့ ပျူတွေ လိုက်ပါလာတဲ့ ကား၊ ဆိုင်ကယ်တွေအပြင် ကင်းပုန်းကြိုတင်ဝပ်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတို့ကို မိနစ် ၃၀ ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာခရိုင်အမှတ် (၁၉)တပ်ရင်းနဲ့အတူ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို မုံရွာခရိုင်အခြေစိုက် ဗျူဟာ (၆၆) စစ်ကြောင်း (မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉၊၂၁၊၂၆)၊ အရာတော်မြို့နယ် ပကဖ တို့နဲ့အတူ တခြားမဟာမိတ်တပ်ဖွဲ့တွေ ပေါင်းစည်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်မှ ရဲဘော်များ (ဓာတ်ပုံ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉)

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ စကားဝိုင်းပြုလုပ်မယ်

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံတွေကို NUG အစိုးရအဖွဲ့ဝင်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေက စကားဝိုင်းပြုလုပ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး  လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေးအခြေစိုက် ခလရ (၂၉၉) တပ်ရင်းမှ စစ်သားနှစ်ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်း တောင်ရင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF ဝင်တိုက် အထိနာသွားတဲ့ စစ်ကောင်စီတပ်က အရပ်သား ၃၀နီးပါးကို ဓားစားခံလုပ်ဖမ်းဆီးပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စခန်းချရာနေရာတွေ ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီက ပြည်သူအယောက် ၃၀နီးပါးကို လူသားဒိုင်းလုပ် ဖမ်းဆီးခဲ့ကြောင်း ရွှေဘိုခရိုင် ၊ အမှတ် ၁၈ တပ်ရင်း၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။