စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လိမ်လည်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၆၁ ဦးကို ပြန်လွှတ်ပေးဖို့ရာက BGF က ဆိုင်းငံ့ထားကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ 

နိုင်ငံခြားသားတွေကို မဲဆောက်မြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားကတဆင့် ကြာသပတေးနေ့မှာ လွှဲပြောင်းပေးဖို့ စီစဉ်ထားတာကို ဆိုင်းငံ့ကြောင်း စစ်ကောင်စီမဟာမိတ် BGF/DKBA က ထိုင်းအာဏာပိုင်တွေကို ဗုဒ္ဓဟူးနေ့မှာ အကြောင်းကြားခဲ့တာပါ။ 

လွတ်မြောက်လာမယ့် သူတွေထဲမှာ တရုတ် ၃၉ ယောက်၊ အိန္ဒိယ ၁၃ ယောက်၊ အင်ဒိုနီးရှား ၅ ယောက်နဲ့ အီသီယိုးပီးယား၊ ပါကစ်စတန်၊ မလေးရှားနဲ့ မလေးရှားနိုင်ငံသား ၁ ဦယောက်စီ ပါဝင်ပါတယ်။

သူတို့အားလုံးဟာ ကာစီနိုနဲ့ လိမ်လည်ဂိုဏ်း လည်ပတ်ရေးစခန်းတွေ အခြေစိုက်ရာ BGF ထိန်းချုပ်မှုအောက်က ရွှေကုက္ကိုလ်မှာ အလုပ်လုပ်ဖို့ လိမ်လည်ခံထားရသူတွေဖြစ်ကြောင်း ထိုင်းသတင်းက ဖော်ပြပါတယ်။ 

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ကျက်စားရာ ရွှေကုက္ကိုဒေသက အဆောက်အဦးတချို့

အွန်လိုင်းကနေ ဖုန်းခေါ်ဆိုပြီး လိမ်လည်တဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေး အာဏာပိုင်တွေနဲ့ဆွေးနွေးဖို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး Liu Zhongyi ကလည်း ရွှေကုက္ကိုလ်တဖက်ကမ်းက မယ်တခရိုင်ခွဲ၊ Ban Wang Kaeo ကို ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့တာပါ။ 

ဒါ့အပြင် တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မဲဆောက်က လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ နယ်စပ်စစ်ဆေးရေးဂိတ်ကိုလည်း သွားရောက်ခဲ့ပါတယ်။ 

ဆိုက်ဘာရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) နဲ့ ပြီးခဲ့တဲ့ ရက်က အစည်းအဝေးအတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်က လိမ်လည်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဆွေးနွေးသဘောတူခဲ့တာပါ။ 

Liu ရဲ့ အဆိုအရ မြဝတီမှာ အွန်လိုင်းနဲ့ ဖုန်းခေါ်ဆိုလိမ်လည်မှုတွေ လုပ်ကိုင်နေတဲ့ အဓိကကျတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းပေါင်း ၃၆ ခုရှိပြီး လူ ၁သိန်းကျော် ခန့်ထားကာ အများစုက တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်။ 

0 Shares:
You May Also Like
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံးရှေ့မှ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့မှာ အမေရိကန်ရောက် မြန်မာလူမျိုးတွေက ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဌ ကိုယ်တိုင်တက်ရောက်ပြီး FATF ရဲ့ Black List ပယ်ဖျက်ပေးဖို့ တောင်းဆိုပေမယ့် မအောင်မြင်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အာဆီယံပူးပေါင်းအဖွဲ့ ငြိမ်းချမ်းရေးအတွက် လာမယ့်အပတ် မြန်မာပြည်လာမည်

အာဆီယံဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ အာဆီယံပူးပေါင်းကိုယ်စားလှယ်အဖွဲ့တခုဟာ ငြိမ်းချမ်းရေးနဲ့ လူမျိုးစုလူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လာမယ့်သီတင်းပတ်ထဲ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အဘရာဟင်က ပြောပါတယ်။
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။