မကွေးတိုင်း ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးကို ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းက ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  Myingyan Black Tiger တပ်ဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ မြို့ပြစစ်ဆင်ရေးတွေကို ဖော်ဆောင်လျက်ရှိရာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်း၊ လက်နက်ကိုင်ဝန်ထမ်းတွေရှိတဲ့ နေရာတွေမှာ အနီးကပ်သွားလာခြင်း မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီတပ် (SNA) ၏ ဂျန်မာတင်ယာဉ်ကို KIA ပူးပေါင်းတပ် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာရှိ စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ ရှမ်းနီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်စဉ် ဂျန်မာတင်ယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ၊ စစ်သုံ့ပန်း ၂ ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ င့ါသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ တောင်ခမောက်ကျေးရွာသို့ စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ၂ ရက်တာ တိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ”ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၅/၂၀၂၅”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ''ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် - ၅/၂၀၂၅"
Read More

ချောက်မြို့နယ်အတွင်း PDF ရဲဘော်များက ပြည်သူများ သွားလာရေးအဆင်ပြေစေဖို့ လမ်းများအား ပြင်ဆင်ပေး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးမဖော်ဆောင်သော်လည်း ပြည်သူလူထုအသုံးပြုနေတဲ့ လမ်းပိုင်းများအား ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ တယ်လို့ ပကဖအသံက နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပကဖ အဖွဲ့တွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားရှိပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။
Read More

အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို ဖေဖော်ဝါရီ ၇ ၇က် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။