မကွေးတိုင်း အထက်မင်းလှမြို့နယ်ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ ပူးပေါင်းစခန်းချထားတဲ့ ရှမ်းတပ် ရဲစခန်းအား ဇန်နဝါရီ ၂၉ ရက်က ညနေ ၅ နာရီဝန်းကျင်ခန့်က ၄၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army – USBA ထံက သိရပါတယ်။

ရှမ်းတပ်ရဲစခန်းဟာ ပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်ဆေးရေးဂိတ် အမည်ခံပြီး လမ်းသွားပြည်သူတွေကို အနိုင်ကျင့်ရမ်းကားတာ၊ ပိုက်ဆံတောင်းတာတွေ ကျူးလွန် နေတဲ့အတွက် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ စခန်းအနီးပြည်သူများထံက ကြားသိရပြီး ဒဏ်ရာရရှိသူတွေကို အရေးပေါ် ဆေးကုသနေတယ်လို့  သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို United States Of Burma Army – USBA  (မကွေးတိုင်း ပကဖ အထူးလှုပ် ရှားတပ်ဖွဲ့)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကွတ်ခိုင်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ၂လသား ကလေးငယ်နဲ့ မိခင်အပါ ၃ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို နိုဝင်ဘာ ၁၇ ရက် မနေ့က ညနက်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၂လသား အရွယ်ကလေးနဲ့ မိခင်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘောလခဲခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် ဘောလခဲခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂ မိုင်စခန်းကုန်း၊ ဝမ်းမလန်းစခန်းကုန်း၊ ထူးချောင်းစခန်းကုန်းနဲ့ ဖားဆောင်းမြို့အတွင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း အမှတ်-၁၁၀၅ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ PDF တပ် ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့ပေါ်က တပ်မ ၆၆ တပ်သားတွေပါဝင်တဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်ထံက သိရပါတယ်။
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိသားစုနှင့် ပြန်ဆုံဖို့ CDM မှာ ပါဝင်စို့ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မစစ်တပ်ထဲ ရောက်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြတဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်း ပြည်သူ့စစ် ၃ ယောက်ရဲ့ အတွေ့အကြုံတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။