မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတစ်ဝန်း ပဋိပက္ခကြီးထွားလာတာ၊ အကူအညီတွေ ဝင်ရောက်ခွင့် ကန့်သတ်ခံရတာ၊ စီးပွားရေးပြိုလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် စံချိန်တင် ငတ်မွတ်ခေါင်းပါးတဲ့အဆင့်ကို ရောက်ရှိနိုင်တယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်က လူဦးရေ ၁၃.၃ သန်း အထိ  အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံခဲ့ရပြီး လက်ရှိ ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၅ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ WFP က အသိပေးထားပါတယ်။

အထူးသဖြင့် ပဋိပက္ခနယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ စားနပ်ရိက္ခာ မလုံလောက်မှု အမြင့်မားဆုံး ကြုံတွေ့ရနိုင်တယ်လို့ WFP က သတိပေးပြောကြားပါတယ်။

နေရပ်စွန့်ခွာသူတွေအတွက် စားနပ်ရိက္ခာဟာ အကြီးမားဆုံးလိုအပ်မှုတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေနဲ့မြန်ဆန်လွန်းတဲ့ ငွေကြေးဖောင်းပွမှုတို့ကြောင့် အများစုက လိုအပ်တဲ့ စားနပ်ရိက္ခာကို လက်လှမ်းမမီနိုင်ကြဘူးလို့ WFP က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

WFP အနေနဲ့ ၂၀၂၅ ခုနှစ်မှာ  မြန်မာနိုင်ငံရှိ လူဦးရေ အနည်းဆုံး ၁ ဒသမ ၆ သန်းထံ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေး အပါအဝင် အခြားသော အကူအညီတွေ ပေးအပ်သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

မြန်မာ့အရေးဟာ  ကမ္ဘာတဝန်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေအကြား တိမ်မြုပ်နေပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုလည်း မရရှိကြောင်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့အနီးတဝိုက် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အများအပြားနဲ့ အများပြည်သူဆိုင်ရာ နေရာတွေ၊ လမ်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်း စစ်တပ်က စဉ့်ကူးမြို့ပေါ် ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မောင်းကိုအတည်ပြုပြောကြားပါတယ်။
Read More

ထားဝယ်တွင် စစ်ကြောင်းထိုး စစ်အုပ်စုအပါအဝင် စစ်ကူတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ နာရီကြာ ဖြစ်ပွါးခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force - L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၃ ကြိမ်ဆက် ထိတွေ့မှုဖြစ်၊ လက်နက်ခဲယမ်းနှင့် သုံးပန့်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဆက် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံ ကိုငယ်လေးက မောင်းကိုပြောပါတယ်။
Read More

အရပ်ဝတ်နှင့် ဆိုင်ကယ်စီးလာသည့် နယ်ထိန်းရဲ ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်ပြီး လူငယ်၂ ဦးကို သတ်ဖြတ်ခဲ့ဖူးတဲ့ နယ်ထိန်းရဲ မာန်ဟိန်းဆိုသူကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်သင်္ဘောများ သွားလာဖို့ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့်  စစ်သင်္ဘောတွေအတွက် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။