မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့ ခလရ ၂၅၃၊ ၂၅၄နဲ့ ၂၅၅ က  အင်အား ၃၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်‌တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက် သေဆုံးခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF ထံက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက် စလင်းမြို့မြောက်ဘက် တောတွင်း၊ သာစည်၊ မိုးဝင်းနဲ့ သရက်ချဉ်ရွာတွေကို စစ် ကြောင်းထိုးဝင်ရောက်လာပြီး မြင်းခေါင်းကျေးရွာအရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေကို ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားနေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက်သေဆုံးခဲ့ရကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်က သရက်ချဉ်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တွေ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းစစ်အောင် (LPDF)အဖွဲ့နဲ့အတူ မင်းဘူးခရိုင်လက်ရုံးအဖွဲ့၊ မကွေးတိုင်း ဒရုန်းအဖွဲ့၊ မင်းဘူးခရိုင် တပ်ရင်း (၅) ဒရုန်းအဖွဲ့၊ မင်းဘူးခရိုင်တပ်ရင်း(၁)၊ မင်းဘူးခရိုင်တပ်ရင်း(၅)၊ ဗမာ့တပ်တော်အဖွဲ့၊ မင်းဘူးခရိုင် စလင်းမြို့နယ် (ပကဖ)အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ခဲ့တဲ့အတွက် ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေး ခဲ့ရတယ်လို့ ယင်းမာပင်ခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည့် ရဲဘော် ဝေကြီး စျာပန (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရဲဘော် ဝေကြီးရဲ့  နာရေးစျာပနကျင်းပပြုလုပ်ခဲ့တယ်လို့ Spring Warriors Column က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဘလယ်ဒိုစခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဘလယ်ဒိုစခန်းကို အခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန်နိုင်ဖို့ Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင်မှာ အခုလိုပဲ တိုက်တွန်းလိုက်ပါတယ်။