မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ယောဒေသအတွင်း မကြာမှီဖြစ်လာနိုင်တဲ့ မြို့သိမ်းစစ်ဆင်ရေးများအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စစ်ဘေးအန္တရာယ်များအတွက် ပြည်သူလူထုအနေနဲ့ မိမိတို့ပိုင်ဆိုင်ထားတဲ့ အဖိုးတန်ပစ္စည်း၊ ရိက္ခာ၊ ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ထုတ်ပြန်ချက်အတွင်း စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း ဒေသခံပြည်သူလူထုများအနေနဲ့ အသက်အိုးအိမ်၊စည်းစိမ် လုံခြုံမှုများ မရှိတော့သလို ယောဒေသအတွင်း ဖွဲ့စည်းထားတဲ့ ပသုံးလုံး (ပကဖ၊ ပအဖ၊ ပလဖ) အဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲကို အကြောင်းပြ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ကြေးကောက်ခံမှုများနဲ့ တချို့ရွာများအတွင်း အဓမ္မငွေကြေးကောင်ခံမှုများ‌ကြောင့် ပြည်သူများနစ်နာမှုများစွာရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ယောကာကွယ်ရေးတပ်အနေနဲ့ ရပ်ရွာလူထုအခြေပြုတဲ့ စနစ်တကျ အဆင့်ဆင့်ရွေးချယ်ပြီး မြို့နယ်အဆင့်အထိ အရည်အချင်း ပြည့်ဝတဲ့ ပြည်သူထောက်ခံအားပေးတဲ့ အုပ်ချုပ်‌‌ရေးစနစ် ပေါ်ပေါက်လာစေဖို့ အကူအညီပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ယောကာကွယ်ရေးတပ် YDF ဟာ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော စတဲ့ ယောငါးမြို့မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးပြီး ၁၈၃ ဦး ဒဏ်ရာရခဲ့

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရဲဘော် ၅၂ ယောက် ကျဆုံးပြီး ၁၈၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force CDF - Hakha Central Council က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတရား ပေါ်တာဆွဲခံရသူ အတူနေ ရဲကိုသတ်၊ သေနတ်ယူကာ အလင်းဝင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ မတရား ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူဟာ သူနဲ့အတူနေထိုင်တဲ့ ရဲကို သတ်ပြီး သေနတ်လုယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ ထံက သိရပါတယ်။
Read More

အသက် ၂၄နှစ်အရွယ် The Red Revolters အဖွဲ့ခေါင်းဆောင် ကျဆုံး

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း The Red Revolters အဖွဲ့ခေါင်းဆောင် ကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်မရှင်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း စစ်အုပ်စုဘက်က ပစ်ခတ်လိုက်တဲ့ EY သီးမကွဲတဲ့အတွက် The Red Revolters အဖွဲ့ခေါင်းဆောင် ရှိုင်းဝင်းရှိန် (ခ) ငရှိုင်းက ပြန်လည်ကောက်ယူပြီး စမ်းကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်အမြန်ရေယာဥ်တစီး  ကြားဖြတ်တိိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်အမြန်ရေယာဥ်တစီးကို အသင့်စောင့်ကြိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေတပ် (Salingyi) တပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။