ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးကုန်တယ်လို့ ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာကို လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

“ လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာ ၄ ကြိမ်ပါ၊ ၁၁ နာရီ ၁၅ မိနစ်၊ ၁၁ နာရီ ၃၅ မိနစ်၊ ၁၂ နာရီ ၁၅ မိနစ်၊ ၁၂ နာရီ ၄၀ မိနစ်မှာပါ၊ ညောင်လေးပင်ကြားက ညောင်ပင်ကြီးရွာကိုပါ၊ ပြည်သူ  ၃ ဦး ဒဏ်ရာအနည်းငယ်ရတယ်၊ အကျအဆုံး မရှိပါဘူး၊ ပြည်သူနာမည်တွေတော့ မသိရသေးပါဘူး” လို့ ပဲခူးခရိုင် ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။ 

တိုက်ခိုက်မှုမှာ စစ်ကောင်စီက လေကြောင်းနဲ့ ၃ ကြိမ်၊ ၁၂၀ မမ အလုံး ၂၀ အပြင် ဒရုန်းနဲ့ ၆ ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးသွားပြီး ပြည်သူ ၃ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

နောက်တစ်ရက် ဇန်နဝါရီလ ၂၈ ရက်နေ့၊ မနက် ၂ နာရီ ဝန်းကျင်အချိန်မှာလည်း တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဒ လေယာဉ်နဲ့  ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ (ဓာတ်ပုံ ပဲခူးခရိုင် ပကဖ)

0 Shares:
You May Also Like
Read More

မအူပင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ သင်တန်းတက်ပြီး ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၉ယောက်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မော်လိုက်မြို့နယ်ရှိ စစ်တပ်နှင့်ပျူ ပူးပေါင်းအထိုင်ချထားသည့် ထော်သာစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းအထိုင်ချထားတဲ့ ထော်သာစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လွိုင်ကော်အကျဉ်းထောင်တွင် ရွေးကောက်ပွဲအတုအတွက် စစ်အုပ်စု ဖိအားပေး ကြိုတင်မဲပေးခိုင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ပင်လည်ဘူးရှိ အင်္ဂါးကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်၊ ဆရာမ ၁ ဦးသေဆုံးပြီး ကလေးငယ်တွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ…

" ပေါင် ၃၀၀ တွေ ကြဲသွားတာဖြစ်မယ်ဗျ။ ကျောင်းဝန်းထဲက ဝန်ထမ်းနေအိမ်တွေအပေါ် ၁ လုံးကျတယ်။ ကျောင်းဝန်းထဲ ၁ လုံးကျတယ်။ ဗုံး ၂ လုံးက ပေ ၃၀ အကွာကို တစ်ပြိုင်တည်း ကျတယ်ပြောရမယ်။ အတည့်ကျတဲ့အိမ်ကတော့ လုံးဝ ပျောက်သွားတယ်။ ဘေးကပ်လျက်အိမ်တွေလည်း အကုန်ထိ၊ မီတာ၁၀၀ ဝန်းကျင်က အိမ်တွေပါ မလွတ်ဘူး။ ကျောင်းနဲ့ဝန်ထမ်းအိမ်တွေက ပေ ၁၀၀ ကျော်ကျော်လောက်ပဲ ရှိတယ်​လေ။ ဗုံးကျတဲ့နေရာတွေဆိုလည်း အကျယ် ၁၀ ပေပတ်လည်နဲ့ ၁၀ ပေအနက်လောက်ရှိမယ့် ကျင်း ၁ ခု နဲ့ ၃ ပေအနက်လောက် ကျင်း ၁ ခု ဖြစ်သွားပါတယ်။" လို့ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်မထီးရွာ ပျူစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃ က ထုတ်ပြန်ထားပါတယ်။