စစ်အာဏာရှင်ဖြုတ်ချရေး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြေပြင်ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်​ဒေသ၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းက ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။

တော်လှန်ရဲဘော်တွေကို ကျည်ကာနဲ့ Helmet တွေ တပ်ဆင်ပေးနိုင်ဖို့ “ကျည်ကာတပ်ဆင် ရွှေမန်းဝင်” ကမ်ပိန်းကို ပြုလုပ်နေတာဖြစ်ပြီး စစ်ဝတ်တန်ဆာ မပြည့်စုံမှုကြောင့် တိုက်ပွဲမှာ အသက်ပေးခဲ့ရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မန္တလေးခရိုင် တပ်ရင်း(၄)အနေနဲ့ အမှတ်(၁)စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်လျက် ရှိပါတယ်။ အဲ့လို စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိရာမှာ တကောင်းမြို့သိမ်းတိုက်ပွဲမှာ ရဲဘော်တစ်ဦးကြွေလွင့်ခဲ့ပြီး ထီးချိုင့်မြို့ မြတောင်က ထွက်ပြေးလာတဲ့ စစ်ကြောင်းကို လိုက်လံရှင်းလင်းစဥ် ရဲဘော်တစ်ဦး ကြွေလွင့်ခဲ့ရပြန်ပါတယ်။ အဲဒီနောက် ကျနော်တို့ဘက်က မတ္တရာမြို့အနီး တပ်စွဲထားတဲ့ ရွာတွေကို ထိုးစစ်ဆင်ရာမှာ ရဲဘော်(၃)ဦး ထပ်မံကြွေလွင့်ခဲ့ရပြီး စုစုပေါင်း ကျနော်တို့ ရဲဘော် (၅) ဦး ကြွေလွင့်ဆုံးရှုံးခဲ့ရပါတယ်။ အကယ်၍ ကြွေလွင့်ခဲ့တဲ့ ရဲဘော်တွေကို ကျ-ည်ကာနဲ့ Helmet တွေ ဝတ်ဆင်ပေးနိုင်ခဲ့ရင် အဲ့ဒီရဲဘော်တွေရဲ့ အသက်တွေ ဆုံးရှုံးရမှာ မဟုတ်ပါဘူး” လို့ မန္တလေးခရိုင် တပ်ရင်း ၄ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါကြောင့် ရှေ့ဆက် တိုက်ပွဲတွေမှာ ရဲဘော်တွေ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိနဲ့ ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နိုင်ဖို့ ကျည်ကာနဲ့ Helmet တွေ တပ်ဆင်ပေးဖို့ လိုအပ်တာကြောင့် အခုလို ကမ်ပိန်းပြုလုပ်တာဖြစ်ကြောင်း ပြောပါတယ်။

‘ကျည်ကာတပ်ဆင် ရွှေမန်းဝင်’ ကမ်ပိန်းအတွက် မဲတွေကို ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ဆုမဲတွေလည်း အသီးသီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Ticket ဝယ်ယူရန် link – https://www.wlmf.org/projects/millionticket?fbclid=IwY2xjawIEKU1leHRuA2FlbQIxMAABHdhPrnuJi9bpxuTAAvZhXYZpn89re2GmFebsO5O2m44_BgDoNo816jW2Wg_aem_kA_ypD0VIuWZf4EJoxDliQ

0 Shares:
You May Also Like
Read More

ဂန့်ဂေါခရိုင်ထဲကို စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ထီးလင်းနဲ့ ကျောက်ထုမြို့တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ညောင်ဦး၊ ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီး ရက်ပိုင်းပဲခြားကာ စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပိတ်ရက်တွေအတွင်း ပြည်သူတွေ ခရီးသွားလာ သတိပြုကြဖို့ လိုအပ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ရက်ပိုင်းပဲခြားပြီး အုပ်ချုပ်ရေးမှူး တစ်ယောက်နဲ့ စစ်တပ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။
Read More

ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီ ၂ ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၈ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။