ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်က အရာခံဗိုလ်ဟာ စစ်မှုထမ်းလုပ်သက် နှစ် (၄၀) ကျော်ရှိပြီဖြစ်ပြီး မတရား လုပ်ရပ်တွေနဲ့ အာဏာရှင်စနစ်ဆိုးအောက် ဆက်လက် တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် MA-3 သေနတ် (၁) လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့ KNDF ဆီ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်လူတစ်စုရဲ့ အကျိုးစီးပွားအတွက် ရပ်တည်နေမယ့်အစား အခုလိုစစ်ကောင်စီတပ်သားအဖြစ်က အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုဆီ ခိုလှုံကာ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ဖို့ KNDF က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငဖဲမှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ငုံ့မခံ တုံ့ပြန်ခဲ့ကြသည့် ဒေါက်တာတေဇာဆန်းတို့အဖွဲ့ကို စစ်အုပ်စု အသည်းအသန် ပိုက်စိပ်တိုက်ရှာဖွေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်၊ စျေးချိုမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။ ဒီဇင်ဘာ ၃ရက် မနေ့က မနက်အစောပိုင်းမှာ ဆန္ဒပြခဲ့တာဖြစ်ပြီး ဒေါက်တာတေဇာဆန်းနဲ့အတူ ကိုနန်းလင်း(ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)နဲ့ မြို့နေလူထု ပါဝင်ခဲ့တယ်လို့သိရပါတယ်။
Read More

နွားထိုးကြီးနှင့် မြင်းခြံ တိုက်ပွဲများအတွင်း စစ်အကြမ်းဖက်စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက်ခဲ့ကြောင်း ဗိုလ်မိုက်ခဲပြော

မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲသုံးကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၁၀ ယောက် ထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

သာယာဝတီမှာ ပျူစောထီးတွေကို ပြည်သူ့စစ်ဆိုပြီး ဝတ်စုံတွေ ထုတ်ပေးကာ လုံခြုံရေးယူခိုင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

သုံးဆယ်မှာ ပေါ်တာဆွဲခံရသည့် လူငယ် ၃ ဦးကို သိန်း ၂၀၀ ဖြင့် ရွေးခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။