မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် ပျူစောထီးရွာကို Fixed Wings ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Drone တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ထမ္မကောက် ပျူစောထီးရွာကို ဇန်နဝါရီ ၂၆ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ယောက် သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ Black Eagle Drone တပ်ဖွဲ့ထံက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ အမှတ် (၂၂) က ကင်းလှည့်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူတွေရှိပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ ရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Eagle Drone Force နဲ့ ဗိုလ်မထား တပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးကာ ဒရုန်း ထပ်မံဝယ်ယူနိုင်ရေး ပါဝင်ကူပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

0 Shares:
You May Also Like
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ KNDF ရဲဘော် ၃ ယောက်ရဲ့ ဈာပန

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွေတဂူကျေးရွာအနီးက ရွေတဂူဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်သား ၃ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ KNDA တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

ရဲစခန်းမှ ထွက်လာသည့် စစ်တပ်စစ်ကြောင်း ကြားဖြတ်ခံရပြီး ၄ ဦး သေ၊ ၂ ဦး ဒဏ်ရာရ၊ စစ်တပ်က အရပ်သားအချို့အား ဓားစာခံအဖြစ် ဖမ်းဆီးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် အရပ်သားတချို့ ဓားစာခံလုပ်ဖမ်းဆီးခံရကြောင်း Special Task Force (Ngazun) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်းတွင် ၁၈ နှစ် ပြည့်ပြီးသူများကို ကြိုတင်မဲထည့်ခိုင်းပြီး မဲမထည့်ရင် အရေးယူမည်ဟု စစ်ကော်မရှင် ပြော၊ အဝေးသင်များကိုလည်း ကျောင်းတက်ခွင့် ရုတ်သိမ်းမည်ဟု ခြိမ်းခြောက်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ၁၈နှစ်ပြည့်ပြီးထားတဲ့ လူငယ်တွေကို အတင်းအဓမ္မဖိအားပေးကာ ကြိုတင်မဲထည့်ခိုင်းနေသလို မဲမထည့်သူတွေကို အရေးယူသွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေကိုလည်း ကျောင်းဆက်တက်ခွင့် ရုတ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်နေကြောင်း ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။